ဒီနှစ်သင်္ကြန် ဘန်ကောက်မှာ ကားရိုက်ရင်း ဖြတ်သန်းရမယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်း

လက်ရှိမှာ ဇာတ်ကားတွေ ပုံမှန် ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး သဉ္ဖာနွယ်ဝင်းက သင်္ကြန်ကို ကားရိုက်နဲ့ ဖြတ်သန်းမယ်လို့သိရတာကြောင့် ထူးထူးခြားခြား အစီအစဉ် ရှိမရှိ မေးမြန်းကြည့် လိုက်တဲ့အခါ ‘သင်္ကြန်အချိန်ကာလ ရောက် ခါနီး ပြီဆို အရမ်းပျော်တယ်။ စိတ်လဲလှုပ်ရှားပါတယ်။

ဒါပေမယ့် သဉ္ဖာ သင်္ကြန်က ဘန်ကောက်မှာ ရှိနေမှာပါ။ ကားရိုက်ရှိလို့ပါ။ မင်းသားက ကိုအောင်ရဲလင်းပါ။ ဒါရိုက်တာက ကိုဇော်(အရုဏ်ဦး)ပါ။ ဒီနှစ်သင်္ကြန်ကတော့ သဉ္ဖာ ရန်ကုန်ကို လွမ်းနေတော့မှာပေါ့။ မနှစ်ကလဲ မိသားစုနဲ့ခရီးထွက်ဖြစ်တော့ ရန်ကုန်သင်္ကြန်ကို မဖြတ်သန်းခဲ့ရဘူး။ နောင်နှစ်တော့ ရန်ကုန်သင်္ကြန်ကို ကျဖြစ်အောင် သဉ္ဖာကျမှာပါ။ သဉ္ဖာ၁၈ရက်နေ့ ဘန်ကောက်က ပြန်လာမယ်။ ၁၉မှာ ကိုဟိန်းဝေယံနဲ့ကားရိုက်စပြီး ၆လပိုင်းထိ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ ရှိပါတယ်။ သဉ္ဖာသီချင်းဖက်ကူးဖို့တော့ အစီအစဉ်မရှိပါဘူ။ ၀ါသနာလဲမပါပါဘူ။ အဲဒီအတွက် သရုပ်ဆောင်ဖက်ကိုပဲ စိတ်ရောကိုယ်ပါ ကြိုးစားပြီး လုပ်သွားမှာပါ’လို့ သူမက ပြောပြခဲ့ပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ