ပင့်ကူတစ်ကောင်လို အမြန်ပြေးပြီး ကျောင်းသွားတက်မယ့် ခါးချင်းဆက်အမြွှာ

မွေးကတည်းက နှစ်ယောက်ပေါင်း ခြေထောက်နှစ်ချောင်း နဲ့ လက်လေးချောင်းသာ ပါရှိပြီး ခါးချင်းဆက်နေ တဲ့ အမြွှာ Shivanath နဲ့ Shivram Sahu တို့ နှစ်ယောက် ကျောင်းသွား ဖို့ နည်းလမ်း ရှာတွေ့ ခဲ့ပါပြီ။ ပင့်ကူတစ်ကောင်လို မြေပြင်ပေါ်မှာ ပြေးပြီး ကျောင်းအရောက်သွားတက်ကြမှာပါ။

ကိုယ့်ဘာသာအ၀တ်လျှော်၊ အ၀တ်စားလဲ၊ အစာစားပြီး ဆရာဝန်တွေကို အံ့အားသင့်စေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အမြွှာနှစ်ယောက်ဟာ ဘယ်တော့မှ ခွဲစိတ်မှု ခံယူမှာမဟုတ်ဘူး လို့ ဆုံးဖြတ်ချက်ချ ထားကြသူတွေပါ။

“ ကျွန်တော်တို့ နှစ်ယောက် သီးခြားမနေချင်ပါဘူး။ ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ အသက်တွေကြီးလာ တဲ့အထိ နေသွားမှာ။ ကျွန်တော်တို့ မွေးလာတဲ့ ပုံစံအတိုင်းပဲ နေချင်ပါတယ်” လို့  Shivram က ပြောကြား ခဲ့ပါတယ်။

ဒီအမြွှာနှစ်ယောက်ကို အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ Raipur မြို့ အနားက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ။

သူတို့ မွေးဖွားလာတော့ တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး တစ်ချို့ ရွာသားတွေဆို နတ်ဘုရားဝင် စားတာဆိုပြီး သူတို့ကိုကိုးကွယ်ခဲ့ကြပါတယ်။

ဒေသတွင်းဆရာဝန်တစ်ယောက်က နှစ်ယောက်စလုံးဟာ ကျန်းကျန်းမာမာရှိပေမယ့် သူအနေနဲ့ ခွဲစိတ် ဖို့ တော့ မတတ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

သူတို့ နှစ်ယောက်ဟာ အစာအိမ်တစ်ခုထဲကို မျှဝေသုံးစွဲတယ်လို့ ယူဆရပေမယ့် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တွေ ရှိပါတယ်။

သူတို့ နေထိုင်တဲ့အိမ်နှစ်ခန်းတွဲရဲ့ လှေကားတွေကိုအတက်အဆင်းပြုလုပ်နိုင်သလို ခြေချောင်း၊လက်ချောင်း ခြောက်ချောင်းလုံးနဲ့ ပြေးလွှားနိုင်ပြီး ခရစ်ကတ်နဲ့ တခြားကစားနည်းတွေကိုလည်း အိမ်နီးချင်းကလေးတွေနဲ့  အတူကစားနိုင်တယ်လို့ သိရပါ တယ်။

အမြွှာနှစ်ယောက်ဟာ ဒေသတွင်း အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားနေပြီး ဖခင်ဖြစ်သူ က မနက်တိုင်း စက်ဘီးနဲ့ ကျောင်းလိုက်ပို့ ရပါတယ်။ နှစ်ယောက်လုံးဟာ စာတော်တဲ့ကျောင်း သားတွေဖြစ်ပြီး သူ တို့ ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသားစာရင်း မှာလည်း ပါဝင်သူတွေလို့ သိရပါတယ်။ အခုတော့ Shivanath နဲ့  Shivram တို့ နှစ်ယောက်က ပင့်ကူတစ်ကောင်လို ပြေးလွှားပြီး ကိုယ့်ဘာသာကျောင်းသွားတက်တော့မယ်လို့  သိရပါတယ်။

Angel | Trend Myanmar

မှတ်ချက်များ