၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်း လုပ်ငန်းအဖြစ် မြေနီကုန်းခုံးကျော်တံ တား ကို ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံအသုံးပြု ကာတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးသန်းမြင့်ကပြောသည်။
ဧပြီ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ် အဋ္ဌမပုံမှန်အစည်းအဝေး တွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
”မြေနီကုန်းလမ်းဆုံမှာ ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေလို့ ခုံးကျော် တံတား တည်ဆောက်ရန် ရည်မှန်းထားပါ တယ်”ဟု ဝန်ကြီးဦးသန်းမြင့်က ပြောသည်။
အဆိုပါ မြေနီကုန်းခုံးကျော်တံ တားအပြင် ဘုရင့်နောင်တံတားစီမံကိန်း(၂) ကို ယခုနှစ်အတွင်း အပြီးသတ်တည်ဆောက် သွားမည်ဟု ယင်းက ဆက်ပြောသည်။
ထို့ပြင် ဒေါပုံနှင့် သင်္ဃန်းကျွန်း မြို့နယ်ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်း ကူးတံတားတည်ဆောက် ရန် ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
”ဒီကိစ္စကို တိုင်းဒေသကြီးက စီ စဉ်နေတာပါ။ စည်ပင်ကိုပြောထားတာ မရှိ သေးပါဘူး။ ဆောက်ဖြစ်မယ်ဆို ရင် ပြည် လမ်းပေါ်မှာပဲ ဆောက်သွားမှာပါ”ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ လမ်းနှင့် တံတား(အင်ဂျင်နီယာ)ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။
အဆိုပါ မြေနီကုန်း ခုံးကျော်တံ တား တည်ဆောက်မည်ဆိုပါက ခုံးကျော် တံတား တည်ဆောက်ဆဲကာလ တွင် မြေနီ ကုန်းအနီးတစ်ဝိုက် ယခုထက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ဆိုသည်။
”လှည်းတန်းတံတား ကျော်လာ တာနဲ့ ဟံသာဝတီအဝိုင်းမတိုင်မီကတည်းက ပိတ်နေပြီ။ မြေနီကုန်းရောက် ဖို့ကို ၁၅ မိနစ်လောက် စောင့်ရတယ်။ မြေနီကုန်းမှာ တံတားစဆောက်ရင် ပြည်လမ်းကြီးလဲပိတ် ရွှေဂုံတိုင် ဘက်နဲ့ ဗားဂရာတစ်ကြောပါ ပိတ် ကုန်မှာ”ဟု ယင်းက ဆက်ပြောသည်။
Yangon Media Group

မှတ်ချက်များ