ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရပ်ထားသောလေယာဉ်ကို တိုက်မိ

၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်းအ တွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့် တွန်း၍နေရာရွှေ့ပြောင်းရန်ဆောင်ရွက် စဉ်ဘီးလိမ့် သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင်ရပ်ထားသည့်အပြည်ပြည် ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါလေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ဦးပိုင်းနှင့် MAI လေယာဉ်၏ယာဘက် နောက်ပိုင်းတံခါး တို့ပျက်စီးသွား ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police






မှတ်ချက်များ