ဘေးလ်၏ နောက်ကျသွင်းဂိုးဖြင့် စပိန်ဘုရင့်ဖလားကို ရီးရဲလ် သိမ်းပိုက်

ရီးရဲလ်သည် ယခုနှစ် စပိန်ပြည်တွင်းပြိုင်ပွဲများတွင် ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ နံနက် အစောပိုင်းက ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အ သင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားကို ဆွတ်ခူးသွား သည်။ ရီးရဲလ်အတွက် အဖွင့်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၁ မိနစ်တွင် ဒီမာရီယာက သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် ရီးရဲလ်က ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၆၈ မိနစ်တွင် ဘာစီလိုနာအတွက် ချေပဂိုးကို ဘာထရာက သွင်းယူခဲ့ပြီး တစ်ဂိုးစီ သရေရလဒ်ဖြင့် ဆက်လက် ယှဉ်ပြိုင်ခဲ့သည်။ ပွဲကစားချိန် ၈၄ မိနစ်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံ၍ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိချေ။ သို့သော် ပွဲကစားချိန် ၈၆ မိနစ်တွင်မူ အဖိုးတန် အနိုင်ဂိုးကို ဂါရတ်ဘေးလ်က သွင်းယူခဲ့ပြီး ရီးရဲလ်ကို စပိန်ဘုရင့်ဖလား ဆွတ်ခူးနိုင်စေခဲ့သည်။

ယခုအခါ ရီးရဲလ်သည် ယခုနှစ် စပိန်ပြည်တွင်းပြိုင်ပွဲများတွင် ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ ဘာစီလိုနာအသင်းမှာမူ ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရပြီး စပိန်ဘုရင့်ဖလားကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ထို့အပြင် လာလီဂါ အမှတ်ပေးဇယားတွင်လည်း အက်သလက်တီကို မက်ဒရစ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏နောက် တတိယနေရာတွင် ရပ်တည်နေပြီး ဆုဖလားရယူနိုင်ရေး ရုန်းကန်နေရသည်။









စပိန်ဘုရင့်ဖလား ချန်ပီယံ ရီးရဲမက်ဒရစ်

Planet Myanmar

မှတ်ချက်များ