၁၇.၄.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန်တွင် လှိုင်သာယာ မြို့နယ်၊ (၉)ရပ်ကွက်၊ မြိုင်လမ်း၊ အမှတ်-၁၃၀(က)နေ ဒေါ်အမာဘီဘီ၊ (၆၁)နှစ်၏နေအိမ်ရှေ့ သစ်သားခြံစည်းရိုးတိုင်အောက်ခြေ၌ သဘောဝအလျောက် ပေါက်လာသော မှိုသည်ကျိုက်ထီး ရိုးစေတီတော်ပုံသဏ္ဍာန်ပွင့်နေသည်ကိုတွေ့ရှိရသဖြင့် ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်ပြည်သူများမှ သွားရောက် ကြည့်ရှု ဖူးမျှော်ကြကာ ဘုရားပန်းအိုးနှင့် အမွှေးတိုင်များ ဆက် ကပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ဖူးမျှော်သူ ပြည်သူအင်အား (၁၅၀) ဦးခန့်ရှိခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ထွက်ပေါ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ပုံသဏ္ဍာန်မှို ပွင့်အားယင်းနေ့ ၁၈၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၁၁) ရပ်ကွက်၊ မိုးကောင်းကျောင်းတိုက်ရှိ သံဃာ့နာယကဆရာတော် ဦးဣန္ဒြာဝုဒထံသို့ ပင့်ဆောင်ကာ ပူဇော်ထားရှိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
ပင်မ
/
လှိုင်သာယာမြို့နယ်တွင် နေအိမ်ခြံစည်းရိုး၌ သဘောဝအလျောက် ပေါက်လာသောမှိုမှ ကျိုက်ထီးရိုး စေတီတော်ပုံသဏ္ဍာန် ထွက်ပေါ်

မှတ်ချက်များ