သင်္ကြန်မှာ သမီးဖြစ်သူနဲ့အတူ ပြန်လာဖို့စီစဉ်နေတဲ့ တင်ဇာမော်

လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသည့် အဆိုတော် တင်ဇာမော်က သင်္ကြန်ရက်တွင် သမီးဖြစ် သူနှင့် မြန်မာပြည်ပြန်လာရန် စီစဉ်လျက်ရှိသည်။

‘‘သင်္ကြန်ကို သမီးနဲ့နှစ်ယောက် တည်း ပြန်လာဖို့ အစီအစဉ်ရှိပါတယ်။သမီးအတွက် မြန်မာပတ်စ်ပို့ကို ဇန်န၀ါရီလတည်း က လျှောက်ထားတာမရသေး လို့ စောင့်နေတာပါ။ ပတ်စ်ပို့ရတာနဲ့ လက်မှတ်ဝယ် ပြီး ပြန်လာမှာပါ’’ဟု တင်ဇာမော်ကပြောသည်။

သားအကြီးမှာ ကျောင်းတက်နေသောကြောင့် လိုက်ပါနိုင်မည်မဟုတ်ဘဲ ခင်ပွန်းကလည်း ၎င်းခရီးသွားနေ သည့်အချိန်တွင် သားဖြစ်သူကို စောင့်ရှောက်ရမည်ဖြစ်သောကြောင့် လိုက်ပါနိုင်မည်မဟုတ်ကြောင်း တင်ဇာမော်ကပြောကြားသည်။

တင်ဇာမော်သည် ဒုတိယမြောက်ရင်သွေးကို ၂၀၁၃ နိုဝင်ဘာလအတွင်း မွေးဖွားခဲ့ခြင်းဖြစ်ပြီး Loretta Teresa Aung ဟု အမည်ပေးထားသည်။

၂၀၁၄ သင်္ကြန်ကို နှစ်စဉ်သင်္ကြန်ဖြတ်သန်းမှုကဲ့သို့ပင် မန္တလေး Alpine မဏ္ဍပ်၌ ရှိမည်ဖြစ်ကြောင်း တင်ဇာမော်ကပြောကြားသည်။

ဇွဲဥာဏ် | 7 day daily

မှတ်ချက်များ