တောင်ကိုရီးယား သင်္ဘောမှောက် လူများစွာ ပျောက်ဆုံးနေဆဲ

ခရီးသည် ၄၅၉ ဦးကို သယ်ဆောင်လာတဲ့ တောင်ကိုရီးယားသင်္ဘောတစင်းဟာ မနေ့က ကိုရီးယား ပင်လယ် ပြင်မှာ တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ လည်း ရှိသလို လူပေါင်း ၃ဝဝ လောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားအများစုကို တင်ဆောင်လာတဲ့ ကိုရီး ယား ကျွမ်းပတ်သင်္ဘောဟာ အင်ချွန် ဆိပ်ကမ်း ကနေ အပန်း ဖြေစရာကျွန်းတခုဖြစ်တဲ့ ဂျေဂျူးကျွန်းဆီ ဦးတင်ခုတ်မောင်းလာခဲ့တာမှာ မနေ့ ကတော့ သင်္ဘောဟာ တဖြည်းဖြည်း မြုတ်သွားခဲ့ပါတယ်။

သင်္ဘော ရေမမြုပ်ခင်မှာ ခရီးသည် ၁၅၀ ကျော်လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး အရာရှိ တွေက ဆိုပါတယ်။

ခရီးသည် ၂၈၃ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကိုရီးယား ကမ်းခြေစောင့် ကယ်ဆယ်ရေး အရာရှိ တွေက ဆိုပြီး သင်္ဘောမြုပ်ကတည်းက တညလုံး သင်္ဘောနဲ့ အတူ ရေထဲ မြုတ်သွားသူတွေကို ကယ်ဆယ်ရေး တွေ ဆက်လုပ်နေခဲ့တာလို့ ဆိုပါတယ်။

သင်္ဘောနဲ့ အတူပါသွားကြတဲ့ ခရီးသည်တွေထဲက တော်တော်များများက သူတို့ရဲ့ မိသားစုတွေနဲ့ ကယ် ဆယ် ရေး အရေးပေါ် ဖုန်းတွေဆီကို သတင်းမက်ဆေ့ခ်ျ ပို့ကြရာမှာ သူတို့ အခုထိ အသက်မသေသေးဘူး ဆိုတဲ့ အကြောင်း ပေးပို့ချက်တွေ ရရှိတယ်လို့ ဒီကနေ့ မနက်ပိုင်း သတင်းတွေက ဆိုပါတယ်။


ဧရာဝတီBlog

မှတ်ချက်များ