လားရှိုးမြို့နယ်နမ့်တွန်းကျေးရွာလေပြင်းတိုက်ခက်ပျက်စီးမှုများဖြစ်

လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စုတွင် ဧပြီ ၁ ရက် နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က လေပြင်း တိုက်ခတ်သဖြင့် နမ့်ဟူးကျေးရွာလမ်းမကြီးဘေး ရှိ ညောင်ပင်ကိုင်းကျိုးကျမှုကြောင့် ယာဉ်မောင်း မောင်ထွန်း (ဘ)ဦးငွေပေါ အသက်(၂၆)နှစ် မှတ်ပုံတင်အမှတ် ၉/တတဥ(နိုင်) ၁၂၂၆၁၅ နေရပ် အုန်းချောမောင်းနှင်လာသော (၆)ဘီးကားယာဉ်အမှတ် ၂ခ/၇၆၀၂

အပေါ်သို့ကျိုးကျသဖြင့် မော်တော်ယာဉ်ခေါင်း ပိုင်း နှင့်ကိုယ်ထည်တွင် ထိခိုက်ပျက်စီးခြင်း၊ နမ့်ဟူးကျေးရွာမှ လူနေအိမ် (၂)လုံးနှင့် ပြောင်း သိုလှောင် ရုံ (၂)လုံး သွပ်အမိုးများ လန်သွား ခဲ့ကြောင်းသိရှိရပါသည်။

MOI Webportal Myanmar

မှတ်ချက်များ