ကမ္ဘာ့ အကောင်းဆုံး အိမ်သာ (၁၀)ခု အကြောင်း ကို ဖော်ပြမယ်ဆိုရင် လှပသေသပ်တဲ့ဒီဇိုင်းအပြင် အဆင်က အဓိကအချက်အဖြစ်ပါဝင်မှာဖြစ်ပါ တယ်။ လူတွေနေ့စဉ် အသုံးပြု နေတဲ့ အိမ်သာကို သာမန်ထက် ပိုမိုစိတ်ဝင် စားအောင်ဆောက်လုပ်ေ စလိုတဲ့ ရည်ရွယ် ချက်နဲ့ ကမ္ဘာ့အကောင်းဆုံး အိမ် သာ (၁၀)ခု ကို ဒီဇိုင်း ၀က်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ Design Curial က အယ်ဒီတာ ဂျေမီမစ်ချဲလ် က ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာ့ အကောင်း ဆုံး အိမ်သာ (၁၀)ခုဟာ သန့်ရှင်းသပ်ရပ်မှု ရှိတဲ့ အပြင် ခေတ်မီတဲ့ ဒီဇိုင်းအပြင်အဆင်တွေ နဲ့ ဆောက်လုပ်ထားတာ တွေ့ရှိရပါတယ်။
အကောင်းဆုံး (၁၀)ခု စာရင်းမှာ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ ပိုလန်၊ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ အင်္ဂလန်တို့က အိမ်သာ တွေ ပါဝင် ပြီး ဂျပန်က နှစ်ခုရွေးချယ်ခြင်း ခံခဲ့ ရပါတယ်။ ထိပ်ဆုံးနေရာ မှာ ရွေးချယ်ခြင်းခံ ထားရတဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ပန်းခြံအတွင်းက အိမ်သာဟာ သာယာတဲ့ သဘာဝအသံတွေကို ကြားရအောင် ဖန်တီးထား ပါတယ်။ ဂျပန်နိုင်ငံက အိမ်သာတွေဟာလည်း သဘာဝ အလင်းရောင်ရရှိအောင် ပြုလုပ်ထားပြီးသန့်ရှင်းသပ်ရပ်ခြင်း၊ ခေတ်မီဒီဇိုင်းနဲ့ ဆောက်လုပ်ထားခြင်း
တို့ကို ဦးစားပေး ဆောက် လုပ်ထားပါတယ်။ လန်ဒန်မြို့၊ ၀င်ဘလေကွင်း အနားမှာရှိ တဲ့ အိမ်သာက အဆင့် (၆)နေရာ မှာ ရပ်တည်နေပါတယ်။ ဂျေမီမစ်ချဲလ်က ကမ္ဘာ့ အကောင်းဆုံး အိမ်သာ (၁၀)ခု ဟာ ခေတ်မီ ဒီဇိုင်းတွေနဲ့ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ အဆောက်အဦဒီဇိုင်းတွေကို သာမန်လို တည်ဆောက် နေခြင်းဟာ အလွန် စိတ်ပျက်စရာ ကောင်းတာမို့ အိမ်သာ တွေတောင် အကောင်း ဆုံး ပြုလုပ် ထားကြောင်း သိရှိစေဖို့ အခုလို ရွေးချယ် ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ် ရွေးချယ်မှုတွေမှာ ကမ္ဘာ တစ်ဝန်း က လူတွေပါ ပါနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ် ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။
The Messenger

မှတ်ချက်များ