မြည်း ကို စစ်တပ်ခေါင်းဆောင်တစ်ဦးရဲ့ နာမည်ပေးမိလို့ လယ်သမားတစ်ဦး ဖမ်းခံရ

လက်ရှိတွင် သမ္မတနေရာ အား ယှဉ်ပြိုင်နေသော စစ်ဗိုလ်ချုပ်ဟောင်း၏ နာမည် ကို ပေး ခဲ့သောကြောင့် အီဂျစ်လယ်သမားတစ်ဦးကို ထောင် ဒဏ်တစ်နှစ်ချမှတ် ခဲ့သည်။

သမ္မတဟောင်း မိုဟာမက်မော်စီကို ဖြုတ်ချရာတွင် ဦးဆောင်ခဲ့သူ စစ်ဗိုလ်ချုပ် Abdel Fatah al-Sisi၏ နာမည်အတိုင်း ၄င်း၏မြည်းအား Sisi ဟု နာမည်ပေး ခဲ့သောကြောင့် ”စစ်တပ်အားအရှက် ရစေခြင်း”စွပ် စွဲချက်ဖြင့် လယ်သမား Omar Abul Maged ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မော်ဆီအား ဖြုတ်ချခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ၄င်း၏မြည်းအား စစ်ဦးထုပ်ဆောင်းပေးကာ al-Sisi ၏ပိုစတာအုပ်၍ ၃၁ နှစ်အရွယ်Maged က ရွာထဲတွင် လှည့်လည်နေခြင်းဖြစ်သည်။

Maged ကို ရဲများက စက်တင်ဘာလကတည်းက ဖမ်းဆီး၍ အချုပ်ထဲတွင် ခြောက်လထားကာ Qena Misdemeanor တရားရုံးက တနင်္ဂနွေနေ့၌ တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ဖိုးသူတော်

မှတ်ချက်များ