အချစ်ဆိုတာ ပူလောင်လို့အေးချမ်းတဲ့ အချစ်မျိုးကိုပဲ လိုချင်တယ်တဲ့ ဇေရဲ

ဘာသံညာသံတွေ မကြားရသလောက် ငြိမ်လွန်း လှတဲ့ အနားနားဘေးမှာ သီချင်းရဲ့ အဆိုရှင် ဇေရဲ ရဲ့အချစ်ရေးအကြောင်း ပရိသတ်ကြီး သိရအောင် မေးမြန်းကြည့်ဖြစ်တဲ့အခါ သူက ‘အချစ်ဆိုတာ ကတော့ အမျိုးမျိုး သတ်မှတ်ကြ တာပေါ့။ ပေးဆပ် ဖို့အတွက် စိတ်ခံစားချက်ရှိတဲ့ သူတွေ ကျတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းပေါ့။ အနိုင်ကျင့်ချင် တဲ့သူတွေ ကျတော့လဲ အမြဲတမ်းအနိုင်ကျင့်ချင်တဲ့ စိတ်တွေနဲ့ဆိုးချင်တယ်။

 အားလုံးကတော့ ကိုယ်စီကိုယ်စီ သတ်မှတ်ကြတာပေါ့နော်။ အစ်ကို့အတွက်ကတော့ ၂မျိုးစလုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နားလည်မှုက လိုအပ်ပါတယ်။ တစ်ယောက်လိုအပ်တဲ့အချိန်မှာ တစ်ယောက်က ပေးနိုင်လို့ရင် တစ်ယောက်က တစ်ခုခု လိုအပ်နေချိန်မှာ ဖြည့်ဆည်းပေးနိုင်ရင် ဒါ ပြီးပြည့်စုံသွားမှာပါပဲ။ ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာကို ရင်ခုန်တယ်။ ချစ်စရာလေးဆိုပြီးဖြစ်တယ်။ ချစ်တယ်ပေါ့။ အသက်အရွယ်တွေ ရလာတာနဲ့အမျှ အတွေ့အကြုံတွေက များလာတယ်။

တည်ငြိမ်မှုတစ်ခုလို သဘောပေါက်လာမှာပေါ့။ ငယ်ငယ်တုန်းကတော့ လူကြီးတွေပြောသလို သစ်ရွက်လှုပ်တာ မြင်ရုံနဲ့ရင်ခုန်တယ်ပေါ့။ ရင်ခုန်တာကိုလဲ အချစ်လို့ယူဆတာပေါ့။ တကယ်တမ်းက ဇေရဲအတွက် ဖူးစာရှင်က အလုပ်ပေါ်မှာ နားလည်ပေးမှုပဲ။ တခြား ဘာမှမလိုဘူး။ ဂုဏ်တွေပကာသနတွေ ဘာမှမလိုဘူး။ အလုပ်ပေါ်မှာ တော်တော်ကို နားလည်ပေးနိုင်တဲ့သူဆိုရင် အရမ်းကို အဆင်ပြေမှာပါ။ အနုပညာအလုပ်ဆိုတာက အရမ်းနားလည်ပေးနိုင်တဲ့သူမှ အဆင်ပြေမှာ။ အရင်ကလဲ ထားခဲ့ဖူးတယ်။

 ဒီအလုပ်နဲ့ ပတ်သတ်ပြီး ဘယ်သူကမှ နားလည်မပေးနိုင်လို့ဝေးသွားကြရတာကြီးပဲ။ လက်ရှိကတော့ အလုပ်ကိုပဲ အာရုံစိုက်နေပါတယ်။ အလုပ်ကိုပဲ ဦးစားပေးနေပါတယ်။ အချစ်ကတော့ ရင်ထဲမှာရှိနေပါတယ်။ တကယ့်အချစ်စစ်နဲ့တွေ့မှပဲ တည်တည်ငြိမ်ငြိမ်လေး နေတော့မယ်။ အချစ်ဆိုတာ ပူလောင်တာကိုး။ နားလည်မှုမရှိတာ၊ သ၀န်တိုတာ၊ ပြဿနာအရှာခံရတာနဲ့ဆိုတော့ အချစ်ဆိုတာကို ပူလောင်တယ်လို့ပဲမြင်မိပါတယ်။ အေးချမ်းတဲ့အချစ်မျိုးကိုတော့ လိုချင်မိတယ်’လို့ပြောပြခဲ့ပါတယ်။

Myawady News

မှတ်ချက်များ