အော်ရဂွန်ပြည်နယ်၊ ပို့တ်လန်မြို့ အရှေ့တောင်ပိုင်း တွင် Stop N Go Market အမည်ရှိ စတိုးဆိုင်တစ်ခု ကို လုပ်ကိုင်နေသော မို့ဆီဒက် ဟာဘီဘူလာ (၅၀ နှစ်) သည် လုပ်ငန်းစပ်တူ လုပ်ကိုင်နေသော မိုဟာမက် အက်ဘ်ဆာ (၄၅ နှစ်) အား သတ်ဖြတ်ရန် ကြံစည်ကြိုးပမ်းမှုဖြင့် ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်၏။
ဟာဘီဘူလာ၏ တရားစစ်ဆေး စီရင်မှုကို မြန်မာစကားပြန် အကူအညီဖြင့် ပြုလုပ်ခဲ့သော်လည်း ၎င်းဖက်မှ ရှေ့နေမရှိပဲ ကိုယ်တိုင် လျှောက်လဲချက်ပေးခဲ့သည်။ ဤဖြစ်ရပ်မှာ အမှန်တကယ် ကြံစည်မှု မဟုတ်ပဲ နောက်ပြောင်သော ဟာသတစ်ခု ဖြစ်ကြောင်း ၎င်းက တရားခွင်တွင် ဖြေရှင်းချက်ပေးခဲ့သည်။
သို့သော်၊ ၎င်းနှင့် ကြံရာပါသည် ရဲသတင်းပေးအဖြစ် လုပ်ကိုင်ပေးခဲ့သောကြောင့် ဟာဘီဘူလာ၏ လူသတ်ရန် အစီအစဉ်များကို ရဲက လျှို့ဝှက် အသံဖမ်းယူနိုင်ခဲ့သည်။ ဟာဘီဘူလာက အက်ဘ်ဆာအား ယခင်တစ်နေ့က သတ်ရန် စီစဉ်ထားသော်လည်း ဆိုင်သို့ ထိုသူမလာသဖြင့် မသတ်လိုက်ရကြောင်း၊ ယနေ့ည ဆိုင်ပိတ်ချိန်တွင် ဆိုင်၏ လုံခြုံရေးကင်မရာ အလှမ်းမမီသော ဆိုင်နောက်ဖက် တံခါးတွင် သတ်မည် ဖြစ်ကြောင်း၊ သွေးသိပ်မထွက်အောင် ကိုယ်ခန္ဓာကို မပစ်ပဲ ဦးခေါင်းကို သေနတ်ဖြင့် ပစ်မည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင် ပြောဆိုသော အသံကို ရဲက အသံဖမ်းယူနိုင်ခဲ့သည်။
ထိုပြောဆိုချက် အသံများတွင် ရယ်သံ လုံးဝမပါသဖြင့် ဟာသဟူ၍ လက်ခံနိုင်ဖွယ်မရှိဟု တရားသူကြီး ဂျယ်ရီ ဟော့ဒ်ဆန်က ငြင်းပယ်လိုက်သည်။
ဟာဘီဘူလာသည် အမည်မဖော်သော ရာဇဝင်လူဆိုးတစ်ဦးကို ဆက်သွယ်၍ အက်ဘ်ဆာအား သတ်ပေးရန် ပြောဆိုသော်လည်း လူဆိုးက ဒေါ်လာ ၆၀,၀၀၀ တောင်းသောကြောင့် မိမိကိုယ်တိုင် သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ လူဆိုးသည် ၎င်းသတ်ဖြတ်ရန် ကြံစည်နေသူ အက်ဘ်ဆာထံ ထိုအကြောင်းကို သတင်းပေးသ ဖြင့် ဟာဘီဘူလာအား ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ မည်သည့် ဗီဇာအမျိုးအစားဖြင့် ပြောင်းရွှေ့လာသည်ကို မသိရသော မို့ဆီဒက် ဟာဘီဘူလာသည် အမေရိကန် ပြည်ထောင်စုတွင် ဇနီးနှင့် သားသမီး လေးဦးတို့ ရှိသည်။
ထိုပြောဆိုချက် အသံများတွင် ရယ်သံ လုံးဝမပါသဖြင့် ဟာသဟူ ၍ လက်ခံနိုင်ဖွယ်မရှိဟု တရားသူကြီး ဂျယ်ရီ ဟော့ဒ်ဆန်က ငြင်းပယ်လိုက်သည်။
ဟာဘီဘူလာသည် အမည်မဖော်သော ရာဇဝင်လူဆိုးတစ်ဦးကို ဆက်သွယ်၍ အက်ဘ်ဆာအား သတ်ပေး ရန် ပြောဆိုသော်လည်း လူဆိုးက ဒေါ်လာ ၆၀,၀၀၀ တောင်းသောကြောင့် မိမိကိုယ်တိုင် သတ်ရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။ လူဆိုးသည် ၎င်းသတ်ဖြတ်ရန် ကြံစည်နေသူ အက်ဘ်ဆာထံ ထိုအကြောင်းကို သတင်းပေး သဖြင့် ဟာဘီဘူလာအား ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ မည်သည့် ဗီဇာအမျိုးအစားဖြင့် ပြောင်းရွှေ့လာသည်ကို မသိရသော မို့ဆီဒက် ဟာဘီဘူလာ သည် အမေရိကန် ပြည်ထောင်စုတွင် ဇနီးနှင့် သားသမီး လေးဦးတို့ ရှိသည်။
ကမ္ဘာသစ်


မှတ်ချက်များ