ကီဝီသီးကိုနေ့စဉ်စားသုံးပေးခြင်းသည် အရေပြားကျန်း မာရေးကို အ ထောက်အကူပြုပြီးကြည်လင် သန့်စင် သော အရေပြားကိုပိုင် ဆိုင်စေနိုင်ကြောင်း သုတေသနတစ်ရပ် တွင် ဖော်ထုတ်ထားသည်။
သုတေသီများသည်ကီဝီသီးက အရေပြား၏ သဘာဝအနီနှင့် အ၀ါရောင်ခြည်များကိုပိုပြီးတောက် ပစေ ကြောင်း၊ တစ်နေ့ကိုကီဝီသုံးလုံးခန့်စာ သုံးပေးသူများတွင် ခြောက်ပတ် ခန့်ကြာသောအခါအရေပြားပိုမိုကျန်း မာမှုကိုခံစားရပြီးတစ်နေ့ကိုလေးလုံး ခန့်စားသုံးပေးသူများတွင် အရေပြား ကြည်လင်မှု၊တောက်ပမှုကိုခံစား ရနိုင်ကြောင်းကိုဖော်ထုတ်နိုင် ခဲ့သည်။
ကီဝီသီးသည်ကျန်းမာရေးအတွက် သင့်တော်သောသစ်သီးတစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ နှင့်ဗီတာမင်စီကြယ်ဝစွာပါဝင်နေသ ဖြင့် အလှကုန်များ၊စားသောက်ကုန် များတွင် ထည့်သွင်းမှုများ သည်။
ယခုလေ့လာမှုကိုလူထုအတွင်း ရောက်ရှိရန် ထပ်မံကြိုးစားကြရမည် ဖြစ်ကြောင်း၊အလှကုန်ပစ္စည်းများထက် သဘာဝကီဝီသီးလေးကပိုပြီး အရေပြားလှပမှုကိုဖြစ်စေနိုင်ပြီး ဘေးထွက် ဆိုးကျိုးကင်းကြောင်းယ ခု လေ့လာမှုတွင် ဖော်ပြထားသည်။
Health Updates Journal

မှတ်ချက်များ