ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုဦးစားပေး ရွေးချယ်သည့် လယ်တောသူအလှပြိုင်ပွဲ (2014 Miss Farmer) ၌ ရှမ်းပြည်နယ်မှ မကြည်ဝင်းက ပထမဆု ရရှိသွားပြီး ဧရာဝတီတိုင်းဒေသကြီးမှ မေချိုသော်ကဒုတိယ၊ တနင်္သာရီတိုင်း ဒေသကြီးမှမြတ်နိုးဦးက တတိယ ဆု အသီးသီးဆွတ်ခူးရရှိခဲ့ ကြ သည်။လယ်တော သူအလှပြိုင်ပွဲကို မတ် ၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ MCC ခန်းမ ၌ ကျင်းပခဲ့ခြင်းဖြစ် သည်။
ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေ ကျပ် သိန်း ၅၀ နှင့် ရွှေသုံးကျပ်သား၊ ဒုတိယဆုအဖြစ်ကျပ်သိန်း ၃၀၊ တတိယ ဆုအဖြစ် ကျပ်သိန်း ၂၀ အပြင် နိုင်ငံခြား ခရီးစဉ် လိုက်ပါခွင့်ရရှိကြောင်းကိုလည်း သိရသည်။ ထို့အပြင် ပရိသတ်အကြိုက်ဆု (Member Choice) ဆုအဖြစ်မချောစုမွန်အောင်၊ Miss People ဆုကို မနွေးနုနုလှိုင်တို့ က ဆု ကြေးငွေကျပ် ၁၀ သိန်းစီ ဆွတ်ခူးရရှိခဲ့ ကြသည်။
ဒုတိယအကြိမ် လယ်တောသူ အလှမယ်ပြိုင်ပွဲ ၂၀၁၄ (Miss Farmer Contest 2014) ကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေအစည်း အဝေးနှင့် မြန်မာ့လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ (၂၀၁၄)၌ ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ လယ်တောသူ အလှမယ် ပြိုင်ပွဲအတွက်လူတွေ့စစ်ဆေးမှုကိုဖေဖော်ဝါရီ ၂၄ ရက် က ပြုလုပ် ခဲ့ကြောင်း အကြိုပြိုင်ပွဲဝင် စစ်ဆေးခြင်း ပထမဆင့်ကို UMFCCI ၌ ကျင်းပခဲ့ပြီး အကြို ပြိုင်ပွဲစစ်ဆေးခြင်း ဒုတိယအဆင့် ကို ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပခဲ့သည်။
ပထမအကြိမ် လယ်တောသူ အလှမယ်ရွေးချယ်ပွဲကို ပြီးခဲ့သည့်နှစ်ကMCC ခန်းမ၌ ကျင်းပခဲ့ ပြီး လယ်တော သူစစ်စစ်များသာ ၀င်ရောက်ယှဉ်ပြိုင်မှု များကြောင်း၊အဆိုပါပြိုင်ပွဲ၌လယ်သူမတစ်ဦးတတ်မြောက် သင့်သည့် အရာများကိုထည့်သွင်းယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်းပထမအကြိမ်လယ်တောသူအလှမယ် ရွေးချယ်ပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောဆိုခဲ့ သည်။
San Taw Chain Newspaper

မှတ်ချက်များ