အသက် ၁၂ နှစ်အရွယ်မိန်းကလေးနဲ့အသက် ၁၃ နှစ်အ ရွယ် ကောင်လေးတစ်ယောက်တို့ဟာ အခုဆို ဗြိတိန်နိုင်ငံ ရဲ့ အသက်အငယ်ဆုံးမိဘတွေဖြစ်လာကြပါပြီ ။ အသက် ၁၂ နှစ်အရွယ်မိန်းကလေးဟာ လွန်ခဲ့တဲညကပဲ၇ ပေါင်ရှိ တဲ့ကလေးငယ်တစ်ဦးကိုမွေးဖွားခဲ့တယ် ။
အသက် ၁၁ နှစ်အရွယ်မှာ ကောင်လေးနဲ့စတွေ့ချစ်ကြိုက် ခဲ့ပြီး ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီးကောင်လေးကတော့ သူမအိမ်အနီးမှာနေတဲ့ကောင်လေးဖြစ်ပါတယ်။ဗြိတိန်နိုင် ငံကမိဘဖြစ်တည်မှု မှတ်တမ်းတွေမှာ အငယ်ဆုံးစုံတွဲဖြ စ်ပြီး သူတို့ စုံတွဲအသက်ပေါင်းလိုက်ရင်တောင် သူမရဲ့မိ ခင်အသက်ထက်ငယ်နေသေးတာတွေ့ရပါတယ် ။
သူတို့စုံတွဲကိုသိတဲ့လူတွေကတော့ “ တကယ့်ကိုချစ်ကြတဲ့အတွဲ ပါ ” လို့မှတ်ချက်ပေးခဲ့ပြီး ချစ်ကြိုက်ပြီး တစ်နှစ်အကြာမှာ လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာဖြစ်ပါတယ် ။ မိန်းကလေးရဲ့အမေဟာ ၂၇ နှစ်အ ရွယ်ဖြစ်ပြီး အခုဆို UK မှာ အသက်အငယ်ဆုံး အဖွားဖြစ်လို့နေခဲ့တယ် ။
မိန်းကလေးကတော့ကျောင်းပြန်တက်ချင်တယ်လို့ဆိုပါတယ် နှစ်ဖက်စလုံးရဲ့မိဘတွေကလည်းသူတို့ကိုထောက်ပံ့မှုတွေအပြည့်ပေးထားခဲ့ပြီး ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အားပေးခဲ့တယ် ။ ကလေးငယ်လေးရဲ့ဓါတ်ပုံကိုလည်း အွန်လိုင်းပေါ်တင်ခဲ့ပြီး သူတို့ ဘယ်လောက်ဂုဏ်ယူရကြောင်းဖော်ပြခဲ့ပါတယ် ။
စုံတွဲကတော့ သူတို့တစ်သက်လုံးမခွဲမခွာအတူနေသွားကြမှာဖြစ်ပြီး သူတို့သမီးငယ်လေးကို အတူတကွ မိသားစုဘ၀တည်ဆောက်မှာဖြစ်ကြောင်းပြောခဲ့တယ် ။
သက်တန့်ချို

မှတ်ချက်များ