ထို့အတူ မန်းသင်္ကြန် ယဉ်ကျေးမှုကို လှစ်ဟပြခဲ့တဲ့ သင်္ကြန်မိုး ရုပ်ရှင်ကားကိုလည်း နှစ်စဉ်နှစ်တိုင်း ကြည့်ရသော်လည်း ရိုးမသွားသေးပါ။ တကယ့် တကယ်တမ်းမှာ သိလိုက်ရတာက မန်းသင်္ကြန် ငွေငန်းမြို့ မနဲ့ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား နောက်ကွယ်က အက်ကြောင်းလေး ခပ်ပါးပါး။ အခုတော့ ဒါတွေလည်းပြီးခဲ့ပါပြီ သမိုင်းဖြစ်သွားခဲ့ပြီ။ ငွေငန်းမြို့ မလည်း စိန်ရတုကျော်ခဲ့ပြီ ... မြန်မာတို့ အသည်းစွဲ သင်္ကြန်မိုး ဇာတ်ကား သည်လည်း ငွေရတုကျော်လို့ ပုလဲရတုကြိုနေပြီ ... မြန်မာတို့ မြူးပျော်တဲ့ အတာသင်္ကြန်ပွဲ ကတော့ နှစ်စဉ်မပျက် ကျင်းပလျက်ပင်။ မြို့ မ အသင်းတိုက်တွင် စကားပြောရင်း မွှေနှောက်ရင်းတွေ့ လာတာက တခေတ်တခါက ဓာတ်ပုံဟောင်းများပင် ဖြစ်သည်။
ရှားပါးဓာတ်ပုံ ဟောင်းများကို အသင်းကြီး၏ အတွင်းရေးမှူး ဦးခင်မောင်ဦးထံ ခွင့်တောင်း ဓာတ်ပုံရိုက်ပြီး ဧရာဝတီ သတင်းဌာန ပရိတ်သတ် ကြည့် ရှုနိုင်ရန် ဖော်ပြလိုက်ပါသည်။
ပုံ ၁ နဲ့ ၂ ကတော့ သိပ်မထူးခြားပါဘူး။ မြို့ မတူရိယာ အဖွဲ့ အလှပြ ကားပေါ်မှာ တပ်ဆင်မဲ့ နာမည်ကျော် ငွေငန်းရုပ်ကြီးပါ။ ဒီအရုပ်ကြီးရဲ့ သက်တမ်းက ၄နှစ်ရှိပါပြီ။ လှုပ်ခတ်လို့ အတောင်ပံနှစ်ဘက်နဲ့ အတွင်းက သံဖရိမ်ခံပြီး လုပ်ထားတာပါ။
ပုံ ၃ ကတော့ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် နေဝင်းပါဝင် သရုပ်ဆောင်ထားတဲ့ ချစ်အမွှာဇာတ်ကားက ဇာတ်ဝင်ခန်းတခုရဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံကို ၁၉၅၄ ခန့်က ရိုက်ကူးခဲ့ တာ ဖြစ်နိုင်တယ်လို့ စာရေးဆရာ ဆူးငှက်က ခန့်မှန်းပါတယ်။
ဓာတ်ပုံရိုက်ကူးသူက ဦးစောလှိုင် USIS Photography ပါ။ (မြို့ မ အသင်းကြီးဟာ အပျော်တမ်း တူရိယာအဖွဲ့ တခု ဖြစ်ပေမယ့် သာမန် အလှူမင်္ဂလာဆောင် ဧည့် ခံပွဲတွေသာမက ရုပ်ရှင် ဇာတ်ကားကြီး များစွာရဲ့ နောက်ခံ တေးဂီတတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဥပမာ ကောလိပ်ဂျင် ဇာတ်ကား)
ပုံ ၄ - ကတော့ အင်မတန်မှ ထူးခြားတဲ့ သမိုင်းဝင် ဓာတ်ပုံပါ။ မန္တလေး အခြေစိုက် ဟံသာဝတီ သတင်းစာတိုက်ရဲ့ နှစ်ပတ်လည် အခမ်းအနားမှာ မြို့ မအဖွဲ့ ဖျော်ဖြေနေတဲ့ ပုံပါ။ အချိန်ကာလ အားဖြင့် ၁၉၇၀ ဝန်းကျင်လို့ ခန့် မှန်းရပါတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဟံသာဝတီ သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်ပါ။
ပုံ ၅ ကတော့ ဆယ်စုနှစ် တစုကျော်ကြာ သင်္ကြန်အလှပြကား မထွက်ဖြစ်ခဲ့တဲ့ မြို့မအသင်းကြီး ၁၉၉၆ ခုနှစ်မှာ ပြန်လည် ပေါ်ထွက်လာတဲ့ မှတ်တမ်းပုံပါလို့ ဦးခင်မောင်ဥင်္ီးက ရှင်းပြပါတယ်။
ပုံ ၆ - ကတော့ သိပ်အထူးခြားကြီး မဟုတ်ပေမယ့် တခေတ်တခါက မြို့ မအဖွဲ့ ရဲ့ ဖျော်ဖြေဟန်ကို အမှတ်ရဖြစ်စေဖို့ ပါ။ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
မှတ်ချက်များ