ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု

ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်း က သွေး တိုးရောဂါအတွက် အထောက်အကူပြု အပူချိန် (၃၂)ဒီဂရီဆဲလ်ဆီးရပ်စ်မျှရှိနေ သည့် ရေနွေး ကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ် အတွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်းမွန်မြန်ဆန်အောင် အထောက် အကူ ဖြစ်စေကြောင်း သိရသည်။

ကိုယ်လက်လေ့ကျင့်ခန်းများ ကိုခပ်နွေးနွေး ရေထဲ တွင်လုပ်ဆောင်ခြင်းကကျန်းမာရေးအတွက်ပိုမိုအထောက် အ ကူ ဖြစ်စေကြောင်း သုတေသီများက မှတ်ချက်ပြု ပြောကြားလိုက်သည်။ အပူချိန် (၃၂)ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှ ရှိနေသည့် ရေနွေးကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ်အ တွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်း မွန်မြန်ဆန်အောင် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

သုတေသီများက ရေနွေးထဲတွင် အားကစား လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း က သွေးတိုးရောဂါ ကို လျှော့ချနိုင်စေမည့် အခြေခံကျကျ ကုထုံးတစ်ရပ်အဖြစ် ရှုပ်မြင်နေကြသည်။

ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ရှိနေသည့်တိုင် ဆေးဝါးထောက်ပံ့ ကုသမှု မခံယူဖြစ်သူ အမြောက်အမြား ရှိနေရာ ယခုနည်းလမ်းသည် သဘာဝ ကာကွယ်ဆေး တစ်လက်သဖွယ် ၎င်းတို့ကို အထောက်အပံ့ ပေးနိုင် လိမ့်မည်ဟု ပညာရှင်များက ထောက်ခံခဲ့သည်။ ရေနွေးကန်ထဲတွင် တစ်ပတ်လျှင် (၃)ကြိမ်မျှ လေ့ကျင့် ခန်း  ပြုလုပ်သော သွေးတိုးရောဂါ ဝေဒနာရှင်များသည် သွေးတိုးကျဆေး အဓိက မှီဝဲသူများထက် ကျန်းမာရေး ပိုမိုကောင်းမွန်နိုင်ကြောင်း သိရသည်။

ဘရာဇီးလ်တွင် ပြုလုပ်သော လေ့လာမှုများအရ ရေအပူချိန်(၂၇)ဒီဂရီဆဲလ်ဆီးရပ်စ်အောက် လျော့နည်းသွားပါ ကမူ ယခုကောင်းကျိုးမျိုး မရရှိနိုင်တော့ဟုလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ပူနွေးသောရေ သည် လေ့ကျင့် ခန်း ပြုလုပ်နေရာတွင် သွေးလှည့်ပတ်မှုကို ပိုမိုအားကောင်းအောင် လှုံ့ဆော်နိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေသည်။

ယခုလုပ်ဆောင်မှုမျိုးသည် သွေးတိုးရောဂါ တိုက်ဖျက်သည့် ဆေးဝါးများ၏ဒဏ်ကို ကြံ့ကြံ့ခံနိုင် သည့် သွေး တိုးရောဂါမျိုးကိုပင် အားလျော့သွားစေနိုင်ကြောင်း ပညာရှင်များက ပြောဆိုထားသည်။ ဆော်ပေါ်လို တက္ကသိုလ်မှ သုတေသီများသည် အမျိုးသား၊ အမျိုးသမီး (၃၂)ဦးဖြင့် ယခုစမ်းသပ်မှု ရလဒ်ကို အတည်ပြုခဲ့ ပြီး Cardiology ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ပါဝင်စမ်းသပ်ခံသူများသည် ဆေးမတိုးသည့် သွေးတိုးဝေဒနာကို (၅)နှစ်နှင့်အထက် ခံစားနေရသူ များဖြစ်ပြီး ရေနွေးပူထဲတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် သိသာသည့် အကျိုးကျေးဇူးများ ခံစားရရှိ ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar

မှတ်ချက်များ