တောင်ငူမြို့မှာသန်းခေါင်စာရင်း ကောက်ယူတဲ့အ ဖွဲ့ကိုရဲတပ်သား၂ယောက်က နှောက် ယှက် ပြော ဆိုမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိပါတယ်။
ဧပြီလ ၂ရက်နေ့ နေ့လည် ၁နာရီလောက်က သန်းခေါင်း စာရင်းကောက် ဆရာမ ဒေါ်သင်း သင်းအောင်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်မြင့်မြင့်စိန်တို့က ရပ်ကွက် (၂) နေပူ ကုန်းလမ်း ရှိေ ဒေါ်ခင်ဝင်နေအိမ်ကို သန်းခေါင် စာရင်း သွားရောက် ကောက်ယူရာမှာ အိမ် ရှိ မြေးဖြစ်သူ ရဲတပ်သား ဇေယျာစိုးထက်က ရဲဖြစ်ကြောင်း၊ ကောက်စရာမလိုကြောင်း ရုတ်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုကြောင့် ဒေါ်မြင့်မြင့်စိန်မှာ လိုက်လံ မကောက်ယူရဲတော့ပဲ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပါတယ်။
အဲဒီ့နောက် တောင်ငူမြို့နယ် ပညာရေးမှုး ဦးတင်အောင်၊ ဆရာမ ဒေါ်သင်းသင်းအောင်၊ တောင်ငူ အမှတ်(၂)ရဲစခန်းက ရဲတပ်သား ဇေယျာစိုးထက်တို့ ဧပြီလ ၃ရက် ည(၈)နာရီက ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ပြီး ဒေါ်သင်းသင်းအောင်ကို တောင်းပန်ကျေအေးခဲ့ပါတယ်။ အဲဒီ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သန်းခေါင်စာရင်း လိုက်လံကောက်ယူ သူများအား ဟန့်တားနှောက်ယှက် သူများကို ၁၆(က)နဲ့ ငြိစွန်းမှု ရှိမရှိ၊ အရေးယူမယူကိုလည်း မြို့ခံများကြားမှာ စောင့်ကြည့်မှုများ ရှိနေကြောင်း သိရှိရပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ