အသက်(၁၄)နှစ်အရွယ် ပိုလန်နိုင်ငံသား ကလေးငယ်တစ်ဦးဟာ စက်ဘီး မတော်တ ဆမှုကြောင့် (၃)လကြာ အတိတ်မေ့ရောဂါ ခံစားခဲ့ရပြီး “ ရော်နယ်ဒို ဂိုးသွင်းလိုက်ပြီ”ဆိုတဲ့ ပွဲကြေညာသူရဲ့ အသံကြောင့် သတိပြန်ရခဲ့ ပါတယ်။ ဒေးဗစ်ဟာ ရီးရဲလ်နဲ့ ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဆွီဒင်နဲ့ ပေါ်တူဂီတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အ ဆင့် ခြေစစ် ပွဲမတိုင်မီ စက်ဘီး မတော်တဆမှုကြောင့် အတိတ်မေ့ခဲ့တာပါ။
ဒေးဗစ်သတိပြန်လည်လာဖို့ သူ့မိဘတွေက ကုထုံးသစ်တွေနဲ့ ကုသတဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒီဆေးရုံက ပါရဂူတွေဟာ ရီးရဲလ်၊ ပေါ်တူဂီအသင်း ပွဲစဉ်တွေ ရှိတဲ့အခါ ဒေးဗစ်ကို နားကြပ်တပ်ဆင်ပြီး အစီအစဉ် ကြေညာသူရဲ့အသံ နားထောင်စေခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ဆွီဒင်တို့ ကစားခဲ့တဲ့ ရှုံးထွက်အဆင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့မှာ ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ပြီး အစီအစဉ် ကြေညာသူက ဒီအကြောင်း ပြောလိုက်ချိန်မှာ ဒေးဗစ် သတိပြန်လည် လာခဲ့တာဖြစ်ပါတယ်။
ရိုးရာလေး

မှတ်ချက်များ