ပါရာစီတမော
အများအပြားကိုတစ်ကြိမ်တည်း သောက် သုံးခြင်းကြောင့် အဆိပ်သင့်မှုများပိုမို
များပြားလာ လျက် ရှိနေကြောင်း သိရပါသည်။ ယင်းနှင့် ပတ်သက်၍ ရန်ကုန်
အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ သမားတော် ကြီး ဒေါက်တာဇော်သန်းထွန်းနှင့်
တွေ့ဆုံ မေးမြန်းခဲ့ သည်များကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ပါရာစီတမောကို ဘယ်လောက်သောက်ရင်အသက် အန္တရာယ်ရှိနိုင်ပါသလဲဆရာ။
အခုနောက်ပိုင်းမှာ ပါရာစီတမော အဆိပ်သင့်မှုတွေ ပိုအဖြစ်များလာတယ်။ မြန်မာနိုင်ငံမှာဆို ပါရာစီတမော တစ်လုံးကို ငါးရာမီလီဂရမ် ပါတယ်။ အဲဒီဆေးကို လူကြီးတွေဆိုရင် အလုံး ၂၀ ကနေ ၂၄ လုံး တစ်ကြိမ် တည်း သောက်မိရင် အသက်အန္တရာယ်ရှိတယ်။
ကလေးတွေဆို ဘယ်လောက်သောက်မိရင် အသက်အန္တရာယ် ရှိနိုင်လဲ။
ကလေးတွေမှာဆိုရင် ပါရာစီတမော 150 Per Kg သောက်ရင် သေနိုင်တယ်။
ပါရာစီတမော အလွန်အကျွံ သောက်မိရင် ဘာတွေ ဖြစ်တတ်ပါလဲ ဆရာ။
ပါရာစီတမောက သောက်လိုက်ပြီးပြီးခြင်းမှာတော့
စတင် သောက်ပြီးတဲ့အချိန်ကနေ ဘယ်အချိန်လောက်မှာ အသည်းတို့ ကျောက်ကပ်တို့က ပျက်စီးတာပါလဲ ဆရာ။
စတင်သောက်ပြီး နှစ်ရက်လောက်ဆို အသားတွေ ဝါလာတယ်။ လေးရက်လောက်မှာ ဆိုးဝါးနေရင်တော့ အသည်းက ပျက်စီးနေပါပြီ။ တစ်ပတ်လောက် ဆိုရင်တော့ အသည်းက အလုပ်တော်တော်လေးကို မလုပ်တော့ဘူး။ နောက်ပိုင်းမှာ ကျောက်ကပ်ပါ ပျက်စီးသွားတယ်။ အသည်းက အလုပ် မလုပ်တော့ ဘူး။ ကျောက်ကပ်ကလည်း ပျက်စီးသွားပြီ ဆိုရင်တော့ အသက်ရှင်ဖို့က မလွယ်တော့ဘူး။ အသက်ရှင်ဖို့ ဆိုရင် အသည်းအစားထိုး ကုသတဲ့နည်းက လွဲပြီးတော့ မရှိတော့ဘူး။
သောက်ပြီးစ အချိန်ဖြစ်ရင် ဘယ်လိုနည်းနဲ့ ကုသလို့ ရပါသလဲ ဆရာ။
သောက်ပြီးပြီးချင်း တစ်နာရီအတွင်းမှာ ဆိုရင် Activated Charc သူ့ကို ပေးပြီး ကုသလို့ ရတယ်။ ဆေးသောက်ပြီး လေးနာရီကြာရင်တော့ သွေးထဲမှာ ပါရာစီတမောဓာတ် ဘယ်လောက်ရှိလဲ ဆိုတာကို ဖောက်ကြည့်ရတယ်။ ပါရာစီတမော သောက်တဲ့သူအတွက် ဖြေဆေးကတော့ စဖြစ်ပြီး ရှစ်နာရီအတွင်းမှာ ဆိုရင်တော့ ထိရောက်နိုင်တယ်။ အလွန်ဆုံး ၁၂ နာရီမှ ၂၄ နာရီအတွင်း ရောက် မယ်ဆိုရင် ဖြေဆေးကို ကြိုးစားပြီး ပေးလို့ရပါတယ်။ အာနိသင်ကတော့ သိပ်မထိရောက်တော့ဘူး။
အဲဒီဖြေဆေးက အလွယ်တကူ ရနိုင်ပါလား ဆရာ။
ထိုးဆေးက ရှိတယ်။ ရှားတယ်။ ဈေးကြီးတယ်။ အလွယ်တကူ ဝယ်လို့မရပါဘူး။ ဖြေဆေး မမှီရင်တော့ နောက်ဆုံး အသည်းအစားထိုး ကုသတဲ့နည်း ရှိတယ်ဆိုပေမယ့် အဲဒီနည်းလမ်းက ငွေ ကုန်ကြေးကြ များလွန်းပါတယ်။ အသည်းလှူမယ့် အလှူရှင်ကလည်း ရဖို့ဆိုတာ မလွယ်ကူပါဘူး။
ကျန်းမာရေးစာတိုများစုစည်းမှု
မှတ်ချက်များ