မြန်မာ့နှစ်သစ်ကူးအတွက် အမေရိကန်အစိုးရက ဆုတောင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ က ဧပြီလ ၁၁ ရက်နေ့စွဲ နဲ့ ထုတ်ပြန်ခဲ့တာပါ။
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အခါသမယမှာ သမ္မတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား မြန်မာပြည်သူတွေအတွက် ဝမ်းမြောက် ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေး အခွင့်အလမ်း ကြီးထွားကျယ်ပြန့်ရေး၊ တရားမျှတမှုကို ပြည်သူတိုင်း ခံစားခွင့်ရှိရေးဆိုတဲ့ ကတိ ကဝတ်တွေ အကောင်အထည် ဖေါ်တဲ့နေရာမှာ အတူပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါကြောင်း၊ မြန်မာ့သမိုင်းဝင် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်း လာအောင် ကြိုးပမ်းနေတာတွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ရှေ့ရေးအနာဂတ်ဆိုင်ရာ တူညီတဲ့လားရာအမြင်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်မယ်လို့ မျှော်လင့်ပါကြောင်း၊ အရှေ့တောင်အာ ရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်နေတာဟာ ဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ သက်ရောက်မှု အရှိန်တိုးတက်မြင့်မားလာနေတာနဲ့ ရှေ့အလားအလာတွေ ကို ပြသနေကြောင်း၊ မြန်မာနိုင် ငံ ရဲ့ ကြွယ်ဝတဲ့အစဉ်အလာ၊ ယဉ်ကျေးမှုတွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ အမေရိ ကန်ပြည်သူတွေ က တောင်းဆုမေတ္တာပို့သပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါရှိပါတယ်။
RFA

မှတ်ချက်များ