လိင်စိတ်ကြွဆေးဝါးများ ရောင်းချသူအား ဖမ်းဆီးအရေးယူ

၂၆.၄.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လိင် စိတ်ကြွဆေးပြားများရောင်းချနေကြောင်းသတင်းအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးအဖွဲ့တို့နှင့်အ တူ သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်၊ ဇာဝေယာလမ်း ရှိ သစ်လွင်(ခ)ရက်ဇက်၊ (၁၈)နှစ်၊ (ဘ)ဦးသန့်ဇော်၊ ရန်ဝေး လမ်း၊ ရန်အောင်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ ၏ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ ဆိုင်အတွင်း၌ လိင်စိတ်ကြွဆေးဝါးမျိုးစုံ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၁၃:၃၀ အချိန်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ လိင်စိတ်ကြွဆေးဝါးမျိုးစုံအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သစ်လွင်(ခ)ရက်ဇက်အား သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၁၃၀/၂၀၁၄၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ-၁၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ