ရန်ကုန်ဘူတာကြီးဝန်ထမ်းအိမ်ရာအချို့ရွှေ့ပြောင်းနေရာချမည်

ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာ အဆင့်မီ ပြန် လည်တည်ဆောက်မှာ ဖြစ်လို့ ဘူတာကြီးဝင်းအ တွင်းက ၀န်ထမ်းအိမ်ရာတချို့ကို ရွှေ့ပြောင်း ဖို့ ပြောထား တယ် လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဌာ နက ပြောပါတယ်။

ဘူတာကြီးကို လာမယ့်နှစ် အစောပိုင်းလောက်မှာ စတင်တည်ဆောက်ဖို့ ခန့်မှန်းထား တာကြောင့် ဆောက် လုပ်ရေးလုပ်ငန်းတွေ မစခင်မှာ ၀န်ထမ်း အိမ်ရာတွေကို မီရထားပိုင်မြေအတွင်း လုပ်ငန်းခွင် ကို သွားလာရ လွယ်ကူတဲ့နေ ရာမှာ ပြောင်းရွှေ့ နေရာချပေးမှာပါလို့ ဆိုပါတယ်။

ဝန်ထမ်းအိမ်ရာတွေနဲ့ အတူ ရထားစက်ရုံတချို့ကိုရွာသာကြီးဘက်ကို ပြောင်းရွှေ့မယ်လို့လည်း ပြည်ထောင် စုဒုဝန်ကြီး ဦးမြင့်သိန်းက ပြောဆိုပါတယ်။

ပြောင်းရွှေ့မယ့်ဝန်ထမ်းတွေ နေထိုင်ဖို့ အိမ်ခန်းအသစ်တွေ ဆောက်လုပ်သွားမှာ ဖြစ်ပြီး ရေနဲ့ မီးရရှိဖို့ စီစဉ်ပေးသွားမယ်လို့ ပြောဆိုပြီး တိုက်ခန်းအကျယ်အ၀န်းကို တိတိကျကျ မပြော ဆိုပေမယ့် ၀န်ထမ်းတွေ နေထိုင်ဖို့ ရှိသင့်ရှိထိုက်တဲ့ အကျယ်အ၀န်း ဖြစ်အောင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဝန်ထမ်းအရေအတွက် ဘယ်လောက်ပြောင်းရွှေ့ရမယ်လို့ မသိရသေးပေမယ့် ၀န်ထမ်း တွေကို ပြောင်းဖို့ ကနဦးပြောဆိုတဲ့အခါ သဘောတူညီကြတယ်လို့ ဆိုပါတယ်။

ဘူတာကြီး ဘက်စုံမြှင့်တင်ရေးစီမံကိန်းသာ အကောင်အထည်ဖော် ဖြစ်မယ်ဆိုရင် မီးရထားဝန်ထမ်းတွေ အနေနဲ့ရွာသာကြီး၊ ကြည့်မြင်တိုင်နဲ့ မလွှကုန်းစတဲ့ နေရာအသီးသီးကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့ ရန်ကုန်ဘူတာကြီးကို ဘက်စုံ အဆင့်မြှင့်ဖို့ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူတွေကို ရွေးချယ်ဖို့ ပထမအဆင့် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression of Interest တွေကို ဧပြီ ၂၆ ရက်နေ့ကစပြီး ခေါ်ယူသွားမယ်လို့ ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ရိပ်သာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက ပြောပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးကို စင်ကာပူ၊ ဂျပန်ကုမ္ပဏီ ၄ ခု နဲ့ ပြည်တွင်းကုမ္ပဏီတချို့က စိတ်ဝင် စားကြောင်း အဆိုပြုလွှာ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ