စစ်တွေတွင် ရခိုင်အမျိုးသားနှစ်ဦး အလောင်းတွေ့

စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ရှုခင်းသာလမ်းရှိ သံ တံတားအောက်တွင် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းကို ဧပြီ ၂ ရက်က တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

သံတံတားအောက် ၁၀ ပေ ခန့် ကျယ်သည့် ရေမြောင်းအတွင်း လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရခြင်းဖြစ်ပြီး ရခိုင်အမျိုးသားများဟု အတည် ပြုကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ရှုခင်းသာလမ်းရှိ အဆိုပါရေမြောင်းသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေပြီး ရုပ်အလောင်းနှစ်လောင်းနှင့် ပတ်သက်၍ အသေးစိတ်မပြောနိုင်သေးကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

ယခုအချိန်တွင် ရုပ်အလောင်းနှစ်လောင်းအား စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းအမှုဖွင့်၍ စစ်ဆေးလျက်ရှိသည်။

အောင်ခိုင် ၊ အောင်သစ်လွင် | 7 Day Daily

မှတ်ချက်များ