R&B သီချင်းတွေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေး မှုကိုရရှိခဲ့တဲ့ အဆိုတော် သီရိဆွေကို လတ်တလော အနုပညာလှုပ်ရှားမှု နဲ့သင်္ကြန်အကြောင်းကို မေးဖြစ် ခဲ့တဲ့အခါ ‘သီရိ လတ်တလောမှာတော့ စိုင်းစိုင်းရဲ့ မန္တလေးရှိုးပွဲပြီးတော့ ရန်ကုန်ရှိုးမှာဖျော်ဖြေဖို့ရှိပါ မယ်။ နောက်ထပ် တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး အချိန်နည်းနည်း ယူရဦးမယ်။
ဒီအခွေလေးထဲမှာတော့ မြူးဇစ်ပိုင်းနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ အကုန်လုပ်ကြည့်နေတုန်းပါပဲ။ ထွက်လာမှ အခွေထဲမှာ ဘယ်လိုပုံစံမျိုးတွေ ပါတယ်ဆိုတာကို နားထောင်ကြည့်စေချင်ပါတယ်။ အခွေ Title ပေးဖို့ကလည်း ဘယ်သီချင်းက အဆင်ပြေမှန်း မသိသေးဘူး။ နီးမှပဲဖြစ်တဲ့ ဖီလင်ပေါ်မူတည်ပြီး ပေးဖြစ်သွားမှာပါ။ ဒီနှစ်သင်္ကြန်တော့ ရန်ကုန် Alpine စိုင်းစိုင်းမဏ္ဍပ်မှာပဲ ရှိပါမယ်။ သင်္ကြန်မှာ နှစ်တိုင်း ဖျော်ဖြေဖြစ်ပါတယ်။ ဟိုးအရင်နှစ် သင်္ကြန်အချိန်တွေတုန်းကတော့ အိမ်မှာပဲ နေဖြစ်တာများပါတယ်။ မဏ္ဍပ်ထိုင်ရတာပျင်းလို့ မနက်ပိုင်းပဲ ထိုင်ဖြစ်တယ်။ ညနေပိုင်းရောက်ရင် အိမ်ပြန်တယ်။ ဒါမှမဟုတ် မနက်တစ်နေ့ခင်းလုံး အိမ်မှာနေပြီးတော့ ညနေရောက်မှ မဏ္ဍပ်ထိုင်ဖြစ်ပါတယ်’လို့ သူမက ဆိုပါတယ်။
စန္ဒီ | Trend Myanmar

မှတ်ချက်များ