ဈာပနအခမ်းအနားအားထောင်အတွင်းမှသံချေခြင်းခက်ပုံစံဖြင့်ဂါရ၀ပြု

ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက် သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့ သည်။

၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သန်း ၆၀သောပြည်သူလူထု အား ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အနေဖြင့် ပြု
လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"ကျွန်တော်တို့ရဲ့ဖခင်ကြီးဦးဝင်တင်ဟာလည်း ထောင်အကျီင်္နဲ့ပဲသေဆုံးခဲ့တယ်။ သူ့ရဲစိတ်ဓာတ်ကို လည်းလေးစားတယ်။ ဒါ့ကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို တက်ရောက်ဂါရ၀ပြုတာပါ " ဟု ဦးထွန်းလွင်က ဆိုသည်။

၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေုး စသည့်အကြောင်းအရာများဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အရေးပေါ်စီမံချက်ဥပဒေ ၅ည ဖြင့် ထောင်သုံးခါကျဘူးသည်ဟု ဆိုသည်။

ဖိုးလပြည့် | Popular Myanmar News Journal

မှတ်ချက်များ