အဲဒီခရီးစဉ်အတွင်း မီးလောင်မှုဒဏ်ခံရတဲ့ ဒေသ ခံတွေ၊ မီးသတ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိပြီး သစ်ပင် ပန်းမန် စိုက်ပျိုးမှုတွေ ဝိုင်းဝန်းလုပ်ဆောင်ဖို့ ရှိပါ တယ်။
အဲဒီနောက်မှာတော့ ဝန်ကြီးချုပ် တိုနီ အာဘော့တ် နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မင်းသား ဝီလီယံ၊ မင်းသမီးကိတ်နဲ့ သား ငယ်လေး ဂျော့ဂ်ျတို့ဟာ မနေ့က စပြီး နယူးဇီလန်နိုင်ငံကနေ သြစတြေးလျနိုင်ငံကို ရောက်လာ တာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ဆယ်ရက်ကြာ လည်ပတ်မှာ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ကွင်းစလန်းပြည်နယ်က လေတပ်စခန်းကို လေ့လာမှာဖြစ်ပြီး အဲဒီနောက် မြို့တော်ကင် ဘာရာကို သွားရောက်မှာ ဖြစ်ပါတယ်။
ဗြိတိန်တော်ဝင် မိသားစုတွေ အနေနဲ့ သြစတြေးလျနိုင်ငံ ပြည်မမှာရှိတဲ့ ပြည်နယ်အတော်များများကို သွားရောက်လည်ပတ်မှာ ဖြစ်ပေမယ့် မဲလ်ဘုန်းမြို့ရှိရာ ဗစ်တိုးရီးယားပြည်နယ်နဲ့ ပတ်သ်မြို့ရှိရာ အနောက်သြစတြေးလျပြည်နယ်ကိုတော့ သွားရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Radio Australia - Myanmar

မှတ်ချက်များ