တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လည်း ဆောင်ရွက်နေပါတယ်။
သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်း ရဲ့လေ့ လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်း သားတွေ ဖြစ်ပါတယ်။
အန်ဆန်ဒန်ဝမ် အထက်တန်းကျောင်းသား ၃၂၅ ယောက်အပါအ၀င် ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက် ဟာ အင်ချုံကနေ ဂျဲဂျုကို သွားရင်း ခုလိုဖြစ်တာလို့ လုံခြုံရေးနဲ့ ပြည်သူ့စီမံရေး ဒုဝန်ကြီးနဲ့ အရေးပေါ်ဗဟိုဌာန ချုပ် ခေါင်းဆောင် လီဂယောင်အုတ်က ပြောပါတယ်။
ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ရဲတပ် ဖွဲ့တွေအပါအ၀င် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘော ၃၄ စီးနဲ့ ရေတပ်က ၂၅ စီး ပူးတွဲဆောင်ရွက်နေတယ် လို့ သူက ဆက်ပြောပါတယ်။
မတော်တဆမှုကြောင့် နစ်မြှုပ်သင်္ဘောက အမှုထမ်းတယောက် သေဆုံးတယ်လို့ အတည်ပြုထားပါတယ်။
တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ကတော့ အရေးပေါ်ဌာနချုပ်က အရာရှိ တယောက်ကို ကိုးကားပြီး လူ ၁၆၁ ယောက်ကို ကယ်ဆယ်ပြီးပြီလို့ အစီရင်ခံပါတယ်။
ကယ်ဆယ်ရရှိသူတွေကို အနားက ဆေးရုံတွေဆီ တင်ပို့ထားပြီး ကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။
ကားတွေနဲ့ ကုန်ကားတွေကိုပါ တင်ဆောင်ထားတဲ့ နစ်မြုပ်သင်္ဘောဟာ လူအယောက် ၉၀၀ ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။
မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နစ်မြုပ်တဲ့ ပတ်ဝန်းကျင် မှာတော့ မြူတွေ သိပ်သိပ်သည်းသည်း တညလုံး ကျနေလို့ ကျွန်းကို ကူးတဲ့ ခရီးသည်တင် ၀န်ဆောင်မှုအများအပြားကို ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အသင့်အတင့်ရှိနေတယ်လို့ သတင်းဌာနတွေက အစီရင်ခံပါ တယ်။
ဒီဗွီဘီ
ပင်မ
/
Post titleတောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ်

မှတ်ချက်များ