ထိုင်းနိုင်ငံပစ်စန်လော့ခရိုင်က လိင်ပြောင်းထား သူနှစ်ယောက်ကို သင်္ကြန်တွင်းလှည့်လည်စဉ် သူတို့ ရဲ့ ရင်သားတွေကိုဖော်ပြခဲ့ မှုနဲ့ ရဲကဖမ်းဆီး ထားပါတယ်။
ပစ်ကပ်ကားနဲ့ လေဒီဘွိုင်းအုပ်စု သင်္ကြန်လှည့်စဉ် သူတို့ ရဲ့ ရင်သားကိုဖော်ပြတာကိုရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်တွေမှာလူတွေကမျှဝေ ကြပြီးဝေဖန် သံတွေတော်တော်ညံသွားခဲ့ပါတယ်။
ဒီကနေ့ တော့အဲဒီရင်သားဖော်ပြတဲ့လိင် အင်္ဂါပြောင်း ထား သူမစ္စတာချာ့ချိုင်း ၂၃နှစ်နဲ့ မစ္စတာ ၀ါရွတ် ၂၁ နှစ်တို့  ကို ရဲကဖမ်းဆီးလိုက်ပါပြီ။
သူတို့ နှစ်ယောက်ရဲ့ ပြစ်မှုအတွက်တစ်ယောက်ကိုဘတ် ၅၀၀၀ ဒဏ်ကြေးပေးဆောင် ဖို့ ရဲကဒဏ်ကြေး သတ်မှတ်ရာက နောက်ဆုံးတစ်ယောက်ကို ဘတ်၅၀၀ စီပေးဖို့ လျှော့ပေးခဲ့ပါတယ်။
သူတို့ ရဲ့ မလျော်ကန်တဲ့ပြုမူမှုအတွက်ဒေသကအပိုင်စားနတ်တွေခွင့်လွှတ်ဖို့  နတ်ကွန်းမှာ ရဲ အစောင့်အကြပ်နဲ့ သွားရောက်တောင်းပန်စေခဲ့ပါတယ်။
သင်္ကြန်တွင်းလှည့်လည်စဉ် လိင်အင်္ဂါကိုထုတ်ပြခဲ့တဲ့ပစ်စန်လော့ခရိုင်က နောက်ထပ် လူတစ်ယောက်ကို လည်းဖမ်းဆီးဖို့ ရဲကရှာဖွေလျက်ရှိပါတယ်။
MP4U


မှတ်ချက်များ