အူမကြီး ကင်ဆာအကြောင်းသိကောင်းစရာ

 အူမကြီးကင်ဆာကို မြန်မာပြည် မှာ တွေ့ရတတ် ပါတယ်။ အူမကြီးကင်ဆာဟာ UK ရဲ့ ဒုတိယသေ နှုန်း အမြင့် ဆုံး ကင်ဆာရောဂါ လည်း ဖြစ်ပါတယ်။

အူမကြီးကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ low-fibre dietလဲ ပါတဲ့ အတွက် အသီးအနှံ ဟင်းသီးဟင်းရွက်တွေကို များများစားပေးခြင်းဖြင့် အူမကြီး ကင်ဆာဖြစ်မှု ကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။အဖြစ်များတဲ့ အသက်အရွယ်ကတော့ အသက်၇၀နှင့် အထက် လူကြီးပိုင်းတွေ ဖြစ်သော်လည်း လူလတ်ပိုင်းတွေမှာလည်း ဖြစ်ပွားနိုင်ပါ တယ်။ရောဂါလက္ခဏာတွေ ကတော့ စအိုမှသွေးယိုခြင်း သို့မဟုတ် သွေးဝမ်းသွားခြင်း၊ စအိုတွင်း အလုံး စမ်းမိခြင်း၊ အစားအသောက် မူမမှန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်ခြုံးလာခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်တွင် အလုံးအကြိတ်စမ်းမိခြင်း၊ အူပိတ်ခြင်း၊ အူပေါက်ခြင်း တို့ဖြစ်ပါတယ်။စအိုတွင်းသို့ မှန်ပြောင်းထဲ့ကာ အူမကြီးကင်ဆာအကြိတ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

အူမကြီးကင်ဆာဟာ ခွဲစိတ်ကုသရန်လိုအပ်လေ့ရှိပြီး ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းတို့ဖြင့်လည်း ကုသလေ့ ရှိပါတယ်။အသက်၄၅နှစ်ကျော် လူတစ်ယောက်ဟာ စအိုမှ သွေးယိုစီးခြင်း ဖြစ်ခဲ့ရင် ကင်ဆာလည်း ဖြစ်နိုင်တဲ့ အတွက် တတ်ကျွမ်းတဲ့ ခွဲစိတ်ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။

ကျန်းမာရေးအကြောင်းသိကောင်းစရာများ

မှတ်ချက်များ