တစ်ကိုယ်တော်ခွေ ထွက်ရှိဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ သရုပ်ဆောင်၊ အဆိုတော်ဟက်ကက်

ဟက်ကက်ဆိုတာ တစ်ချိန်က တီဗီကြော်ငြာတွေ၊ ဗီစီဒီသီချင်းခွေတွေအပြင်၊ ဇာတ်ကားတွေမှာပါ ပျိုမေတွေ အသည်းစွဲအားပေးခဲ့ရတဲ့ အနုပညာရှင် တစ်ဦးပါ။ ဟက်ကက် တစ်ယောက်ကို ပရိ သတ် တွေနဲ့ မတွေ့ဖြစ်တာ ကြာလှပြီဖြစ် တာကြောင့် လတ်တလောမှာ အနုပညာလှုပ်ရှား မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေတယ် ဆိုတာ ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ကျွန်တော် က အနုပညာအလုပ်တွေ မလုပ်တော့တာ တော်တော်ကြာပါပြီ။

အခုလတ်တလောမှာတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေအတွက် လုပ်နေပါတယ်။ အဆုံးသတ်နေပါပြီ။ Pop Rock ရယ်။ Punk Rock ရယ်။ Slow Rock တွေပါပါမယ်။ ချစ်သူ သီချင်းလေးကို ပရိသတ်တွေ အရမ်းပဲ ကြိုက်နှစ်သက်ကြတယ်လို့ သိရတဲ့အတွက်ကို ကျွန်တော်အရမ်းပဲ ဝမ်းသာလှပါပြီ။ အဲဒီ့အတွက်လည်း ပရိသတ်ကြီးကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်လို့ ပြောချင်ပါတယ်။ ပရိသတ်တွေနဲ့တအားကို ကွာဟသွားရတာကတော့ ကျွန်တော်ကြားမှာ တစ်ခြားအလုပ်တွေ လုပ်နေရတာကြောင့်ပါ။

နောက်တစ်ခြား လူမှုရေးလုပ်ငန်းတွေ။ ကျွန်တော်တို့လုပ်ချင်တဲ့ပုံစံ၊ ကျွန်တော်တို့ဖြစ်ချင်တဲ့အရာနဲ့ ဖြစ်နေရတဲ့အရာနဲ့ လုပ်ပြရတာတွေ၊ ရိုက်ပြရတာတွေ၊ တင်ဆက်နေရတာတွေ သိပ်အဆင်မပြေဘူး။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ပရိသတ်ကို လိမ်နေရသလိုမျိုး ခံစားရတယ်။ အဲဒီ့စိတ်လေးတွေ ရှိနေတာကြောင့် ပရိသတ်ကို မလိမ်ချင်တော့တာလည်း ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လုပ်ချင်တာနဲ့ ဖြစ်ချင်တာနဲ့က ထပ်တူမကျဘူးပေါ့။

ဈေးကွက်အရ ဒီဟာပဲလုပ်ရမယ် ဆိုတာကြီးတွေက အရမ်းထိန်းချုပ်ရတယ်။ အဲဒါတွေကြောင့် မလုပ်ဖြစ်တော့တာလည်း ပါပါတယ်။ အဲဒီ့လိုမလုပ်၊ မလုပ်ရာကနေ နောက်ပိုင်းမှာ အလုပ်တွေ လုပ်နေတာရယ်၊ လူမှုရေးကိစ္စတွေ လုပ်ဖြစ်သွားတာနဲ့ ပရိသတ်တွေနဲ့ အခုလိုမျိုးကြားမှာ ဟသွားတာပဲဖြစ်ပါတယ်။ ကျွန်တော် သီချင်းဆိုရတာနဲ့ သရုပ်ဆောင်ရတာ နှစ်မျိုးစလုံးကို သဘောကျပါတယ်’လို့ သူက ဆိုပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ