အမှတ်မထင်ပဲဖြစ်ဖြစ်၊သိသိသာသာ ပဲဖြစ်ဖြစ် ပြောချင်လွန်း လို့ ပြောလိုက်တဲ့အမျိုး သားတွေရဲ့ စကားတွေထဲမှာ အမျိုးသမီးတွေအ တွက် မခံသိမခံသာဖြစ်စေတဲ့ စကားတွေ ပါဝင်နေတတ်ပါတယ်။ ယောင်္ကျား၊ မိန်းမခွဲခြား ဆက်ဆံတဲ့ စကားမျိုးတွေ၊ နှိမ့်ချပြောဆိုတာမျိုးတွေ ဟာ ခုလို ခေတ်ကြီးထဲမှာ မရှိ သင့်တော့တာမို့ အမျိုးသားတွေအနေနဲ့ အမျိုးသ မီးတွေအပေါ်မပြော သင့်တဲ့ စကားတွေက ဘာတွေဆိုတာ ဖော်ပြပေး လိုက်ပါတယ်။၁။မိန်းမတွေက သိပ်ခံစားလွယ်လွန်းကြတယ်။ (ယောင်္ကျားတွေထဲမှာလည်း နုဖတ်ပြီး ခံစားတတ်လွန်းသူတွေ အများကြီးပါပဲ။ ခံစားလွယ်တာ၊ ခံစားတတ်တာဆိုရင် မိန်းမတွေပဲလို့ တရားသေ သတ်မှတ်လို့ မရဘူးလေ။)
၂။မိန်းကလေးဆိုတော့ ဘယ်လိုလုပ် ကားမောင်းတတ်ပါ့မလဲ။ (ဒါကလည်း အမျိုးသမီးတွေကို နှိမ့်ချလိုက်တာပါပဲ။ ကားမောင်းတတ်တဲ့ အမျိုးသမီးတွေ ယနေ့ခေတ်မှာ ပုံအောနေတာပါပဲ။ အမျိုးသမီးဖြစ်တာနဲ့ ကားမမောင်းတတ်တော့ဘူးလား။)
၃။မိန်းမတွေက နောက်ဆုံးတော့ ချမ်းသာတဲ့သူတွေနောက်ပဲ ပါသွားတာပါပဲ။ (မိန်းမတွေ ငွေမက်တယ်လို့ ပြောချင်တယ်ဆိုရင် ယောင်္ကျားတွေဆိုရင်ရောလို့ ပြန်မေးခွန်းထုတ်ရမှာပါ။ သိမ်းကြုံးပြီး ပြောနေလို့တော့ ဘယ်ဖြစ်မလဲနော်။
၎။မိန်းမတွေက ဘာဖြစ်လို့ အဲ့ဒီလို ကလေကချေတွေဆို ကြိုက်ကြမှန်း မသိဘူး။ (မိန်းမသားတွေဟာ အကောင်းအဆိုးတောင် မခွဲနိုင်တော့ဘူးလို့ ပြောချင်တာလား။ စဉ်းစားစရာပါ။)
၅။အလုပ်ထွက်ပြီး ယောင်္ကျားယူမယ်၊ ပြီးရင် အိမ်မှုကိစ္စလုပ်ဖို့ စဉ်စားထားတယ်မလား။ (အမျိုးသမီးတွေက ယောင်္ကျားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စလုပ်နေရမယ့် ခေတ်မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းရည်ကို ပြသရမယ့်အချိန်ပါ။)
၆။မင်းက တစ်ခြားမိန်းမတွေနဲ့ မတူဘူး မိုက်တယ်။ (ဒီစကားဟာ ကိုယ့်ကိုမြှောက်ပင့်ပေးလိုက်ပြီး အမျိုးသမီးထုတစ်ခုလုံးကို နှိမ့်ချလိုက်တဲ့ စကားပါ။)
၇။ဒီအသက်နဲ့ ဒီလောက်ကျန်တယ်ဆိုတော့ မဆိုးပါဘူး။ (ဒီလိုစကားမျိုးဟာ လူတစ်ဖက်သားကို သက်သက်မဲ့ စော်ကားရာရောက်သလို နှမသားချင်း မစာမနာ ဝေဖန်ရာလည်း ရောက်နေပြန်ပါတယ်။
မေသော် | Trend Myanmar
မှတ်ချက်များ