မြန်မာပြည် ဈေးကွက်မှာ အောင်မြင်တဲ့ Cadillac ကားများ

ပုံမှာ မြင်တွေ့ နေတာ ကတော့ Cadillac SRX 2014 ဖြစ်ပါတယ်။ ပြိုင်ဆလွန်း ဆန်ဆန် မြင်တွေ့ ရတဲ့ကား ဖြစ်ပြီး အင်ဂျင် အရွယ် ၄၆၀၀ စီစီ ရှိပါတယ်။ ဇိမ်ခံ ကားများမှာ ပါဝင်တဲ့ ဖီးချား အားလုံး ပါဝင် ပြီးတော့ အဆင့်မြင့် နည်းပညာ အသစ်များစွာ ပါဝင် ပါတယ်။ အသစ်ကား ဖြစ် တာကြောင့် ပျက်ဖို့လည်း ခဲ ပါတယ်။ ကုန်ကျစရိတ် ကလည်း များပါ လိမ့်မယ်။

၂၀၁၄ ခုနှစ် နောက်ဆုံးထွက် မော်ဒယ် ဖြစ်ပြီး အမေရိကန် နိုင်ငံနေ မြန် မာပြည်ကို တိုက်ရိုက်လာတဲ့ ကား ဖြစ်ပါ တယ်။ မြန်မာပြည်မှာ အမရိကန် Cadillac တရားဝင် အရောင်း စင်တာ မရှိသေးပေမယ့် အသစ်ကို မှာပေးတဲ့ အေးဂျင့်များစွာ ရှိပါတယ်။ ဒီတော့ ဝန်ဆောင်ခနဲ့ ပေါင်းလိုက်ရင် သူလည်း ဈေးမနည်း ပါဘူး။ တစ်ပတ်ရစ် ကယ်ဒဲလစ် ဆလွန်း ဝယ်စီးတာတောင် သိန်း ၇၀၀ ဝန်းကျင် ရှိတာ အသစ် လည်း ဖြစ်၊ မော်ဒယ်လည်း မြင့်၊ အင်ဂျင်လည်း ကြီးဆိုတော့ သိန်း ၃၀၀၀ တော့ ပြေးမလွတ် ပါဘူး။ လက်တလော ကာလ အခွန်လျော့ချပေးမှု များကြောင့် အမြင့်ကား မှာသူများ အနေနဲ့ အမေရိကန် ကားများကို ကြိမ်းသေ ဦးတည်မှာ ဖြစ်ပါတယ်။ အဲ့ဒီကျရင် ကယ်ဒဲလစ်က ကြိမ်းသေ ပါမှာပါ။

စတိုင်လည်း ကျ၊ စွမ်းဆောင်ရည်လည်း မြင့် တာကြောင့် နိုင်ငံတကာ မှာလည်း တိုယိုတာ Lexus နဲ့ ပြိုင်နေတဲ့ကား ဖြစ်ပါ တယ်။

အောင်ခမ်း | Smart Pro Journal
 

မှတ်ချက်များ