မနေ့ ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဗီလာရီး ယဲလ်တို့ ပွဲစဉ်မှာ ပရိတ်သတ်တစ်ယောက်က ဘာစီလိုနာအသင်း နောက်ခံလူ Daniel Alves ကို လူမျိုးရေးခွဲခြားလှောင်ပြောင်တဲ့အနေနဲ့ ဌက်ပျော သီးတစ်လုံးနဲ့  ပစ်ပေါက်ခဲ့ပါတယ်။
ထောင့်ကန်ဘောကန်တင်ဖို့ လုပ်နေတဲ့ Daniel Alves ရဲ့ ဒီအပြုအမူကို တုံ့ ပြန်ခဲ့ပုံက ပရိတ်သတ် အကုန်လုံးကို အံ့အားသင့်စေခဲ့ပါတယ်။ Daniel Alves ဟာ ပရိတ်သတ်ပစ်ပေါက်လိုက်တဲ့ ဌက်ပျော သီးကို ကောက်၊ အခွံခွာပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်တာပါ။ ဌက်ပျောသီးဝါးနေရင်းနဲ့ ပဲ Alves ဟာထောင့် ကန်ဘောကို ကန်တင်ခဲ့ပါတယ်။
ဘောလုံးလောကမှာ အာဖရိက ကစားသမားတွေအပြင် ဘရာဇီး၊အာဂျင်တီးနားကစားသမားတွေဟာ အသားအရောင်ခွဲခြားမှု၊ မျောက်လို့ အခေါ်ခံရမှု စတဲ့ လူမျိုးရေးခွဲခြားမှုတွေ ကွင်းအတွင်း မကြာခဏ ကြုံတွေ့  ရလေ့ရှိပြီး Daniel Alves ရဲ့ ပညာသားပါပါတုံ့ ပြန်ခဲ့မှုက ဘောလုံးလောကမှာ အမှတ်ရစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၂-၃ ဂိုးနဲ့ ဗီလာရီးယဲလ်ကို အနိုင်ရရှိခဲ့ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ Daniel Alves က အထက်ပါဖြစ်ရပ်ကို အခုလို မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။
“ ကျွန်တော့်ကို ဌက်ပျောသီးနဲ့ ပစ်ပေါက်လိုက်တာ ဘယ်သူမှန်းမသိပေမယ့် အဲ့လူကို ကျေးဇူးတင်ချင်ပါ တယ်။ အသင်းဂိုးရဖို့ အတွက် ဖြတ်တင်ဘောနှစ်လုံးကို ကျွန်တော်စွမ်းဆောင်နိုင်အောင် အဲဒီ့ဌက်ပျောသီး က စွမ်းအား တွေပေးခဲ့တယ်ဗျ”
Angel | Trend Myanmar
ပင်မ
/
မျောက်လို့ လှောင်ပြောင်ပြီး ပရိသတ် ပစ်ပေါက်လိုက်တဲ့ ဌက်ပျောသီးကို ကောက်စားလိုက်တဲ့ Daniel Alves

မှတ်ချက်များ