Valve ဗီဒီယိုဂိမ်းကုမ္ပဏီက ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ Dota 2 ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ လက်မှတ် တစ်သောင်းနီးပါး အကုန်ရောင်းထွက် သွားပြီဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုပြောကြား လိုက်ပါတယ်။
ရောင်းထွက်ပြီးသား လက်မှတ်တွေကို eBay မှာ တစ်ဆင့်ပြန်လည်ရောင်းချနေကြပြီး လက်မှတ် တစ်စောင် ကို အနိမ့်ဆုံးဒေါ်လာ ၂၀၀ ကနေ အမြင့်ဆုံး ဒေါ်လာ ၅၀၀ လောက်အ ထိ ဈေးပေါက်ကုန်တယ် လို့ သိရပါ တယ်။ လက်မှတ် နောက်တစ်သုတ်ရောင်းချဖို့  ရှိသေးလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမ ရှိသေးပါဘူး တဲ့။
လေးရက်ကြာမြင့်မယ့် Dota 2 ပြိုင်ပွဲကြီးကို ဂျူလိုင် ၁၈ ရက်နေ့ မှာ အမေရိကန်နိုင်ငံ၊ ဆီယက်တယ်မြို့ က Key Arena ခန်းမ မှာ စတင်ကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကို ဧပြီလ ၄ ရက်နေ့ က ထုတ်ရောင်းချခဲ့ တာပါ။ လေးရက်စာ လက်မှတ်တစ်စောင်ကို ၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အလွတ်တန်း ၁၉၉ ဒေါ် လာ နဲ့ VIP လက်မှတ်တွေကတော့ ၄၉၉ ဒေါ်လာနဲ့ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ Dota 2 အသင်း စုစုပေါင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၁ သင်းက တိုက်ရိုက်ဝင်ခွင့် ရရှိထား ပါတယ်။ အမေရိက၊ဥရောပ၊ တရုတ်နဲ့ အရှေ့ တောင်အာရှ ကျန်တဲ့ ဒေသလေးခုက ထိပ်ဆုံးအ
သင်း ၄ သင်း ထပ်ပါဝင်ခွင့်ရရှိမှာဖြစ်သလို ဒေသလေးခုက ဒုတိယလိုက်တဲ့အသင်းလေးသင်းကို ယှဉ်ပြိုင်ကစားစေပြီး အနိုင်ရရှိတဲ့အသင်းက လက်ကျန် တစ်နေရာကို ၀င်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီနှစ် ၂၀၁၄ အပြည်ပြည်ဆိုင်ရာ Dota 2 ပြိုင်ပွဲအတွက် မနှစ်ကကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၃ ချန်ပီယံရှစ်မှာ နာမည်ကြီး ယူကရိန်းအသင်း Na’Vi ကို အနိုင်ယူပြီး ဆွီဒင်အသင်း Alliance က ပထမ ဆုကြေးငွေ ဒေါ်လာ ၁.၄ သန်းကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မနှစ်ကပြိုင်ပွဲမှာ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၂.၈ သန်း ချီးမြှင့်ပေးအပ် ခဲ့ပြီး e-sports သမိုင်းတစ်လျှောက် အများဆုံးဆုကြေးငွေဖြစ်ခဲ့ပါတယ်။
Angel | Trend Myanmar
ပင်မ
/
၂၀၁၄ အပြည်ပြည်ဆိုင်ရာ Dota 2 ပြိုင်ပွဲကြီးရဲ့ လက်မှတ် တစ်သောင်းနီးပါး တစ်နာရီအတွင်း အကုန်ရောင်းထွက်

မှတ်ချက်များ