ဓာတ်ပုံရိုက်ယူပြီးနောက် လိုရာ focus ပြန်ဖြတ်နိုင်မယ့် ကန်ဒေါ်လာ ၁၅၉၉ တန် ကင်မရာ

ဓာတ်ပုံရိုက်ယူပြီးနောက် လိုရာ focus ပြန်ဖြတ်နိုင် မယ့် ကင်မရာ ထွက်ရှိလာပါတယ်။ Illum camera လို့ခေါ်ပြီး ကန်ဒေါ်လာ ၁၅၉၉ တန်ပါတယ်။ 

ဒီကင်မရာ မှာ Light Field Photography လို့လူသိ များတဲ့ နည်းပညာရပ်ကို အသုံးချထားပါတယ်။ ကင်မရာထဲကို ၀င်ရောက်စီးဆင်းလာသမျှသော အလင်းတန်းတိုင်းရဲ့ လားရာ၊ အရောင် နဲ့ ထုတ်လွှတ် သည့်အလင်းပမာဏ (intensity) တို့ကို ကင်မရာ ကနေ ဖမ်းယူထားပေးမှာ ဖြစ်ပါတယ်။

Lytro ကင်မရာ ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ကင်မရာပါ။ ဓာတ်ပုံ ပုံစံသစ်တစ်မျိုးဖြစ်ထွန်းလာဖို့ ဒီကင်မရာက ဦးဆောင်နိုင်လိမ့်မယ်လို့လည်း Lytro က ယုံကြည်ထားပါတယ်။

သုံးစွဲသူများစိတ်ကြိုက် focus, perspective နဲ့ zoom တွေ ချိန်ညှိုနိုင်တဲ့ ပုံမျိုးကိုလည်း အင်တာနက် မှာဝေငှနိုင်တယ်လို့ သိရပါတယ်။


သီဟနိုင် | Trend Myanmar

မှတ်ချက်များ