ဗြိတိန်ရဲ့ နာမည်အရှည်လျားဆုံး ရွာ Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch မှာ ဆေးလိပ်သောက်ခွင့်ပိတ်ပင်

Llanfairpwllgwyngyllgogerychwyrndrobw llllantysiliogogogoch ဆိုတဲ့ ဗြိတိန်နိုင်ငံက ရွာဟာ ပထမဆုံး ဆေးလိပ်သောက်ခွင့်ပိတ်ပင်တဲ့ ရွာဖြစ်လာပါတယ်။

ဗြိတိန်ရဲ့ နာမည်အရှည်လျားဆုံးနေရာနာမည်လည်း ဖြစ်တဲ့ ဒီရွာဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေ ရာတွေ  မှာ ဆေးလိပ်သောက်ခွင့်ကို ပိတ်ပင်လိုက် တဲ့ ဗြိတိန်ရဲ့ ပထမဆုံးရွာလည်းဖြစ်ပါတယ်။

ရွာနာမည်က လျှာခလုတ်တိုက်လဲစေလောက်တဲ့ ရွာဟာ ဝေးလ်နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိတာဖြစ် ပါတယ်။ အရက်ဆိုင်နဲ့ စတိုးဆိုင်၊ဈေးဆိုင်ရှေ့ တွေအပါအ၀င် အများပြည်သူနေရာတိုင်းမှာ ရွာသားတွေ ဆေးလိပ်မသောက်ဖို့ တားမြစ်ချက်ထုတ်ပြန်လိုက်ပါပြီ။ သတိပေးဆိုင်းဘုတ်တွေကိုလည်း ရွာရဲ့ နေရာအနှံ့  အပြားမှာ ကပ်ထားမယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးခြင်းနဲ့ ကျန်းမာရေးဆိုတဲ့ အသိပညာပေးအစီအစဉ်မှာ ဝေးလ်နိုင်ငံကလည်း ပါဝင် လုပ်ဆောင်နေတာပါ။

Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch ဆိုတဲ့ ရွာနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ချာလပတ်လည်နေတဲ့ရေ၀ဲနားမှာရှိတဲ့ ဟေဇယ်ပင်ပုအုပ်အတွင်းက စိန့် မေရီဘုရားကျောင်းနဲ့ လှိုဏ်ဂူ နီနားက စိန့်  တိုင်စီလီယို ဘုရားကျောင်း လို့  ဝေးလ်စ်ဘာသာစကားနဲ့ ဆိုလိုတာဖြစ်ပါတယ်။


Angel | Trend Myanmar

မှတ်ချက်များ