အမေရိကန်ရဲ့မြို့တွေကို ဗုံးအပြည့်တင်ဆောင်ထား တဲ့ လေ ယာဉ်တွေနဲ့တိုက်ခိုက်လိမ့်မယ်
မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ MH370 လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိ ကန် ထောက် လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။
The Enquirer က ရေးသားဖော်ပြရာ မှာတော့ ထောက် လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အ စည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ
အခြားတစ်ဖက်မှာလည်း MH 370 ရဲ့ လေယာဉ်မှူးများဖြစ်ကြတဲ့ ဇာ ဟာရီဟာမက်နဲ့ တွဲဖက်လေယာဉ်မှူး ဖာရစ်အဘဒူဟာမစ်တို့ဟာ အဆင့် မြင့်လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့ဝင်ရဲ့အကူအညီကို ရယူ ခဲ့ပြီး ဘိုရင်း ၇၇၇ကို အစဖျောက်ခဲ့ခြင်းဖြစ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ဖို့ ကြိုးစား နေကြတယ်လို့ ပင်တဂွန် ဌာနချုပ်အရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရပါတယ်။
နောက်ပြီး ဝါရှင်တန်က MH 370 ပျောက်ဆုံးမှုဟာ အကြမ်း ဖက်အဖွဲ့အစည်းတွေက အာဏာ ပိုင်တွေ ရဲ့ လေကြောင်းထောက်လှမ်း ကာကွယ်ရေးစ နစ်တွေကို ထိုးဖောက်နိုင်ဖို့ စမ်းသပ်မှုတစ်ခုအဖြစ် လုပ် ဆောင်မှုတစ်ရပ်ဖြစ်မှာကိုလည်း ပူပန်နေကြတယ်လို့ သိရပါတယ်။
မြောက်ကာရိုလိုင်းနား တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ''Polioing World Society'' နဲ့ ''Terrorism and counter terrorism'' စာအုပ်တွေကိုရေးသားခဲ့တဲ့ ဒေါက်တာမက်သီရန်ဒီဖလမ်က MH 370 လေယာဉ်ဟာ ဗုံးအဖြစ်အသုံးပြုဖို့ ခိုးယူခြင်းခံရခြင်းဖြစ်နိုင်တယ်လို့ The Enquirer ကို ပြောပါတယ်။
အမေရိကန် ထိပ်တန်းထောက်လှမ်းရေး အရာရှိတွေဟာ MH370 ကို အီရတ် ဒါမှမဟုတ် အာဖဂန်နစ္စတန် အခြေ စိုက် အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဖက်အဖွဲ့ က အသုံးပြုနိုင်ခြေရှိမ ရှိကိုလည်း ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိတွေက MH370 လေယာဉ်ကို အခုချိန်မှာ အကြမ်းဖက်အ ဖွဲ့အစည်းတွေက ဗုံးများ သို့မဟုတ် နျူကလီးယားလက်နက်များ တပ်ဆင်နေတယ်လို့ မထင်မရှား သက်သေတွေနဲ့ သံသယရှိယုံကြည်နေရခြင်းမှာ အကြောင်းရှိပါတယ်။
၂ဝဝ၆ခုနှစ်မှာ ဗြိတိန်နိုင်ငံက စနမသထငိန အစဖြစ်တဲ့ အရည်ဗုံးများတင် ဆောင်ထား တဲ့ လေယာဉ်တစ် စင်းအပါအဝင် အမေရိကန်နဲ့ ဗြိတိန်ပျံသန်း တဲ့ အခြားလေယာဉ် ၁ဝစင်းခန့်မှာလည်း အစားဖန်တီးဖို့ကြံ စည်မှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုအတွက်ကြံစည်ခဲ့တဲ့ လေယာဉ် ၁ဝ စင်းမှာ နှစ်စင်းက MH370 လိုပဲ ဘိုရင်း ၇၇၇ လေယာဉ်တွေဖြစ်ကြပါတယ်။
MH370 မပျောက်ဆုံးခင် သုံးရက်အလိုမှာလည်း အလားတူဖြစ်ရပ်မျိုး အမေရိကန်အစိုးရအရာရှိတွေက စစ်ဆေးတွေ့ရှိမှုရှိခဲ့တယ်လို့ အတွင်း ပိုင်းသတင်းတွေအရ သိရကြောင်း The Enquirer က ရေး သားဖော်ပြထား ပါတယ်။
The Enquirer ရဲ့ အခြားသောဖော်ထုတ်မှုတစ်ခုကတော့ အမေရိ ကန်လေကြောင်းလိုင်း လေယာဉ်မှူး များအဖွဲ့ကထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပြီး ¤င်းတို့ရဲ့ လေယာဉ်ပျံသန်း မှုအစီအစဉ်တွေနဲ့ အတွင်းပိုင်းလေ ယာဉ်တွေရဲ့တုံ့ပြန်မှုကို စမ်းသပ်ခံ ရတာကို သံသယဖြစ်ဖွယ်ရာတွေ့ ရှိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက် မယ့် လေယာဉ်ကို သံသယရှိရင် အမေ ရိကန် စီးပွားရေးလေကြောင်းလိုင်း ကဖြစ်နေမလား လို့ နှစ်ခါမစဉ်း စား ဘဲ ပစ်ချပစ်ဖို့ လမ်းညွှန်ချက်တွေရှိကြောင်း သိရပါတယ်။
Enquirer ရဲ့ ထပ်မံဖော်ထုတ်မှုကတော့ MH 370 ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မှာ အယ်လ်ခိုင်ဒါ အဖွဲ့ဝင်တစ်ဦး က ၉/၁၁ပုံစံမျိုး အကြမ်းဖက်တိုက် ခိုက်မှုပြုလုပ်နေတဲ့ မလေးရှား အစ္စ လာမ္မစ်အ စွန်းရောက်များနဲ့ အဆက် အသွယ်ရှိခဲ့ကြောင်း ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။
အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဗြိတိန်ဖွား ဆာဂျစ်ဘာ ဒက်ကိုက နယူးယောက်ခ်တရားရုံးမှာ ထွက်ဆိုရမှာတော့ မလေးရှား နိုင်ငံသားတစ်စုကို ဖိနပ်ဗုံးခွဲနည်းပေးဖို့ သင်ကြားပို့ချမှုခံယူရဖူးပြီး
၎င်း အဖွဲ့ထဲကတစ်ယောက်ဟာ လေယာဉ်ပြန်ပေးဆွဲဖို့ပြင်ဆင်နေတဲ့ လေ ယာဉ်မှူးတစ်ဦးဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။ ဘာဒက် က ယင်းအဖွဲ့ဟာ ယခုအခါ ၉/၁၁ လိုလုပ်ရပ်မျိုးလုပ်ဖို့ အဆင် သင့်ဖြစ် နေပြီလို့လည်း ထွက်ဆိုခဲ့ကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။
အမေရိကန်အစိုးရ ထိပ်တန်းအဖွဲ့အစည်းများရဲ့ ရင်းမြစ် များကရရှိတဲ့ အချက်အလက်တွေနဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှု အတွက် အမေရိကန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို The Enquirer က အမေ ရိကန် နိုင်ငံသားတိုင်းဖတ်ရန်ဟူသော ခေါင်းစီးနဲ့အတူ ရေးသားဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။
Yangon Media Group


မှတ်ချက်များ