ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၁၈ ) ရပ်ကွက် မှရေပြာလမ်းတွင် ပပ၀တီအမည်ဖြင့် တည်းခိုခန်းတစ်ခုအား တရားဝင် လုပ်ငန်းလိုင်စင် သတ်မှတ်ပေးထားခြင်း မရှိပဲ၊ တည်းခိုခန်း အသွင်ဖြင့် ပြည့်တန်ဆာ လုပ်ငန်းအား လုပ်ဆောင်လျက် ရှိကြောင်း၊
ညပိုင်း အချိန်များတွင် ဆိုင်ကယ်များ ၊ ကားများဖြင့် အရွယ်စုံ ယောက်ကျား တော်တော်များများ
လာရောက်ကြ၍ ဆူညံလျက်ရှိကြသည်ကို အနီးပတ်ဝန်းကျင်မှ အိမ်များမှ သက်ဆိုင်ရာ အမှတ် (၁၈ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တိုင်ကြား ကြသော်လည်း၊ အုပ်ချုပ်ရေးမှူး ဖြစ်သည့် ကိုကျော်ကျော်ထွန်း မှ မည်သို့မျှ တားမြစ်အရေး ယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။
ဒီ့အတွက် ရပ်ကွက်အတွင်းမှ မိကောင်းဖခင်သားသမီး များအတွက် အတုမြင်အတတ်သင်ဆိုသလို ၊ အတုယူမှား၍ အကျင့်စာရိတ္တများ ပျက်စီးကြမည်ကို မိဘများမှ စိုးရိမ်သောက ဖြစ်နေကြရကြောင်း
နှင့် ( ၁၈ ) ၇ပ်ကွက် ကဲ့သို့ပင် ရွှေပြည်သာမြို့နယ်ရှိ ( ၃၄ ) ရပ်ကွက်တွင်လည်း တရားမ၀င် ဖွင့်လှစ်ထားကြသော KTV များ ၊ အနှိပ်ခန်းများ ဖြင့် တရားဝင် ပြောင်ပြောင်တင်းတင်းဖြင့် လုပ်ဆောင်လျက်ရှိကြကြောင်း သိရှိရသည်။
Myanmar Expres
မှတ်ချက်များ