မန္တလေး မဟာမြတ်မုနိဘုရားဝင်း နှင့် ဝိဇ္ဇာ၊ သိပံ္ပ တက္ကသိုလ်တို့တွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာ နက် သုံးစွဲခွင့်ပေးရန် ဆောင်ရွက်သွား မည်ဟု Red Link ကုမ္ပဏီမှ သိရသည်။ အဆိုပါ ဆောင်ရွက်ချက်ကို မဟာသင်္ကြန်ကာလအပြီး မေလအတွင်းအ သုံးပြုနိုင် ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အင်တာနက်သုံးစွဲမှု မြင့်တက် လာရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။
”မဟာမြတ်မုနိဘုရားမှာတော့ စမ်းသပ်ပြီးပေးနေပါတယ်။ တရားဝင်တော့ မပေးသေးဘူး။ တက္ကသိုလ် အတွက်လည်း သက်ဆိုင်ရာ ကျောင်းလူကြီးတွေနဲ့ ညှိနှိုင်းေ ဆွးနွေးပြီးပါပြီ။ မေလထဲမှာတော့ အကုန်လုံး ပြီးစီးမှာပါ”ဟု ၎င်းက ပြောသည်။ ဝိုင်ဖိုင်စနစ်ထုတ်လွှင့်ရာတွင် မဟာမြတ်မုနိဘုရား ပရိဝုဏ်အတွင်း ဘုရားတံခါးဖွင့် သည့် အချိန်မှ ပိတ်သည့် အချိန်အထိ ဂေါပကလူကြီးများ လိုင်းမပိတ်သည့် ကာလအတွင်း အသုံးပြုနိုင် မည်ဖြစ်ကြောင်းနှင့် မန္တလေး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွင်လည်း အလား တူ ပုံစံမျိုး ဖြင့် သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
”ကျောင်းကတော့ စာသင်ခန်းတွေ ကို ဝိုင်ဖိုင်ပေးမှာမဟုတ်ဘူး။ ကန်တင်း၊ စာကြည့်တိုက်နဲ့ အခြားနေ ရာတွေကိုပဲ ပေးမှာပါ။ ကျောင်းသားတွေ စာသင်ချိန်မှာ အင် တာ နက်သုံးနေတာမျိုး မဖြစ်အောင်အခုလို စီစဉ်ပေးတာပါ” ဟု ၎င်းက ဆက်ပြောသည်။ အင်တာနက်မြန်နှုန်းအနေဖြင့် လူတစ်ဦးလျှင် 512 kbps အသုံးပြုနိုင် မည် ဖြစ်ကြောင်း လက်ရှိ ရန်ကုန်၌သုံးစွဲခွင့် ပေးမည့်စနစ်များအတိုင်း ၁၅ မိနစ် တစ်ပိုင်း သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။512 kbps ကုမ္ပဏီ အနေဖြင့် မြန် မာနိုင်ငံ တွင် အခမဲ့ဝိုင်ဖိုင် စနစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရွှေတိဂုံဘုရား၊ ပုဂံဘုရားအချို့နှင့် ပုဂံ ညောင်ဦးလေ ဆိပ်တွင် အသုံးပြု ခွင့်ပေး ထားကြောင်း ယင်း ကုမ္ပဏီမှ သိရသည်။
အောင်ဇော် | Popular Myanmar

မှတ်ချက်များ