မတုန်မလှုပ် ကျောက်ရုပ်
ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာအဖွဲ့အနွဲ့မှာ ”ညိုမြ(သို့မဟုတ်) မတုန်မလှုပ် ကျောက်ရုပ်”လို့ ငယ်ပေါင်း သူငယ်ချင်း အိုးဝေဦးညိုမြကို အနီး ကပ် တွေ့ဆုံ အကဲဖြတ် ခဲ့ပါတယ်။ ငယ်ဘဝ သရုပ်ဖော်ပုံကတော့ ဆရာဒဂုန်တာရာ ရေးဖွဲ့ သလိုပါပဲ။ ဆရာဒဂုန်တာရာ ရေး ဖွဲ့မသွားသေးတဲ့ ဆရာဦးညိုမြရဲ့ ဘဝ နေဝင်ချိန်ကိုလည်း ကျွန်တော် တို့ သိမီတဲ့ လူငယ်ပိုင်းက တင်ပြသွားရပါဦးမယ်။
ဆရာရဲ့ ဇနီးက ရန်ကုန်တက္ကသိုလ် မယ်ဘွဲ့ရ ဒေါ်ခင်သန်းနွယ်ပါ။ ဆရာက အာလေးလျှာလေးသလောက် ဆရာ့ ဇနီးက ခပ်သွက်သွက်ပါ။ အိုးဝေတိုက် က ဆရာ့တပည့် သတင်းထောက် မောင် မောင်လွင်နဲ့ ကျွန်တော့်အဒေါ် ဝမ်းကွဲ တို့ကို အိုးဝေဦးညိုမြက လက်ထပ်ပေးခဲ့ပါတယ်။ အဲဒီခေတ်က အမျိုးကောင်း သား/သမီးစုံတွဲတွေကိုလည်း လက်ထပ် ပေးခဲ့တာ ရှိပါတယ်။ အိုးဝေဦးညိုမြတို့ ဇနီးမောင်နှံမှာ သားသမီး မထွန်းကား ခဲ့သလို သူတို့ လက်ထပ်ပေးတဲ့ စုံတွဲ တွေ နောင်အခါ သားသမီး မရကြ တာ ပြော စမှတ်ပြုကြပါတယ်။
ဦးညိုမြနာမည်ရင်းက မောင်သိန်း တင်ပါ။ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊ အမြင့်မြို့အပိုင် သောတာပန်ရွာမှာ မင်းတိုင်ပင်အမတ်၊ ရှေ့နေကြီး ဦးသာဇံ T.P.S နဲ့ အမိဒေါ် အံ့တို့က ၁၉၁၄ ခု နှစ် ဧပြီလ ၁ဝ ရက်နေ့မှာဖွားမြင်ခဲ့တယ်။ ၂ဝ၁၄ ခုဧပြီ ၁ဝ ရက်မှာ ဦးညိုမြရှိရင် အသက် ၁ဝဝ ပြည့်ပြီပေါ့။ မုံရွာ ဗုဒ္ဓ ဘာသာအထက် တန်းကျောင်း၊ မန္တလေး မြို့ ကယ်လီသာသနာပြုကျောင်းတွေ တက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကို ၁၉၃၂ ခုမှာ ရောက်လာတယ်။ B.A (အင်္ဂလိပ် စာဂုဏ်ထူးတန်း) ဘွဲ့ကို ၁၉၃၈ ခုမှာ ရခဲ့ တယ်။ တက္ကသိုလ်မဂ္ဂဇင်း၊ ပြင်ပစာ နယ်ဇင်းတွေမှာ မြန်မာ/အင်္ဂလိပ်နှစ် ဘာသာနဲ့ ဝတ္ထုကဗျာ သရော်စာတွေရေး နေပါပြီ။
အိုးဝေမဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၁ အင်္ဂလိပ်စာကဏ္ဍမှာ Hell Hound at Large (ငရဲခွေးကြီးလွတ်နေပြီ)ဆိုတဲ့ ဘာဆာဦးတင်ကို စောင်းချိတ်ရေးတဲ့ ညိုမြရဲ့ ဆောင်း ပါးကို ရေးသူနာမည် မဖော်လို့ အယ်ဒီတာကိုအောင်ဆန်းကို ကျောင်းအုပ်ကြီး မစ္စတာ D.J Sloss က ကျောင်းထုတ်ဖို့ လုပ်ခဲ့တယ်။ သမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို လည်း ကျောင်းထုတ်ခဲ့ တယ်။ အဲဒါကိုမကျေနပ်ကြတဲ့ ကျောင်း သားတွေကို ဒုတိယဥက္ကဋ္ဌ အမ်-အေရာ ရှစ်ကစည်းရုံးတယ်။ ငွေထိန်း ကိုသီဟန် တို့နဲ့တိုင်ပင်ပြီး ဒုတိယ အကြိမ် ကျောင်း သားသပိတ်မှောက်ကြတယ်။
ဒီသပိတ်က နယ်ချဲ့ကို အန်တုခဲ့တာဖြစ်တယ်။ မီးစကတော့ ကိုညိုမြ အစပျိုးလိုက်တာပဲ။ သပိတ်ခေါင်းဆောင်တွေဟာ ၁၉၄၈ လွတ် လပ်ရေး ခေတ် မှာ နိုင် ငံခေါင်းဆောင်တွေ ဖြစ် လာတယ်။ အိုးဝေမဂ္ဂဇင်း အတွဲ-၆၊ အမှတ် ၁ အနိုင်မခံ ခေါင်းကြီးကို ဘာ သာပြန် အရေးအသား သိပ်ကောင်းနေ လို့ ကိုအောင် ဆန်းရေး ခဲ့တာလို့ အ ငြင်းပွားခဲ့ပေမယ့် ကိုညိုမြရဲ့ လက်ရာပဲ ဖြစ်ခဲ့တယ်။
သတင်းစာ ပညာတော်သင်
နန်းရင်းဝန် ဒေါက်တာ ဘမော် အစိုးရခေတ် သတင်းစာပညာတော်သင် စာမေးပွဲစစ်လို့ ဖြေဆိုကြတာ ကိုသိန်း ဖေ(နောင်-ဗိုလ်တထောင်)၊ ကိုလောရုံ (နောင်-နေးရှင်း)တို့ လည်း ပါတယ်။ ပါမောက္ခရဲ့ထောက်ခံချက်အရ ကိုညိုမြ ကို တမင်ရွေးခဲ့တယ်။ စာမေးပွဲကို မလွှဲ သာလို့ စစ်ရတာဖြစ်ကြောင်း၊ သင့်တော် သူကို ရွေးပြီးကြောင်း နောင်နှစ် ၄ဝ ကြာတော့မှ ဆရာဒဂုန်တာရာကို ဦးညို မြက ဖော်ကောင်လုပ်ခဲ့ပါတယ်။၂၉ ရက် သြဂုတ်၊ ၁၉၃၉ နေ့ လန်ဒန်မြို့၊ ကင်းကောလိပ်မှာ သတင်း စာပညာကို ကိုညိုမြ စတင်သင်ခဲ့တယ်။ စစ်ကြီးဖြစ်လာလို့ အမေရိကန် အီလီ နွိုက်ပြည်နယ်၊ နော့စ်ဝက်စတင် တက္က သိုလ်ကို ပြောင်းရွှေ့သင်ရတယ်။ M.Sc (Journalism) သတင်းစာပညာ မဟာဘွဲ့ကို ကိုညိုမြချီကာဂို တက္ကသိုလ်က ၁၉၄၂ ခုနှစ်မှာ ရခဲ့တယ်။ စစ်အတွင်း အမေရိကန်မှာ သောင်တင်နေတော့ ယေးလ် တက္ကသိုလ်မှာ အရှေ့တိုင်းပညာ နည်းပြ လုပ်ရသေးတယ်။ ဝါရှင်တန်မြို့ မှာ မြန်မာနိုင်ငံအကြံပေး (၄၃-၄၄) ဖြစ် လာတယ်။ ၁၉၄၄-၁၉၄၅ ခုမှာ အိန္ဒိယ နိုင်ငံအာသံပြည်နယ် မဟာမိတ်စိတ် ဓာတ်စစ်ဆင်ရေး အရာရှိဘဝနဲ့ အင်္ဂလိပ်တပ်ဖွဲ့ ၁၃၆ (Force 136)နဲ့ ဆက်မိတယ်။ သခင်သိန်းဖေတို့နဲ့လည်းဆက် မိကြတယ်။
ဖက်ဆစ်တော်လှန်ရေးအတွက် ကြိုတင်စေလွှတ်ထားတဲ့ သခင်သိန်းဖေ (မြင့်)နဲ့ ကိုညိုမြတို့ ပေါင်းမိပြီး လေနတ် သားစာစောင်ကို ရန်ကုန်မှာကြဲချနိုင်တာ က တော် လှန်ရေးအတွက် အထောက် အကူရခဲ့တယ်။ ကိုညိုမြက စစ်ကြီးပြီး တော့ ရန်ကုန်ပြန်လာပြီး အမေရိကန် ပြန်ကြားရေး USIS မှာ အရာရှိဖြစ်လာပြီ။ အမေရိ ကန်ပြန်ကြားရေး ဝန်ထမ်းလည်း ကြာကြာ မလုပ်ပါဘူး။ ကိုယ်ပိုင်သတင်းစာထုတ်ဖို့ပဲ အားသန်နေပါတယ်။
ကိုညိုမြ သတင်းစာ ဆရာဖြစ်ပြီ
ဦးအုန်းအယ်ဒီတာချုပ်ဖြစ်တဲ့ ဗမာ့ခေတ် နေ့စဉ်သတင်းစာမှာ မောင်သုမနအမည်ခံလို့ ဦးညိုမြဟာ ဆောင်းပါးတွေရေးနေပါတယ်။ လွတ်လပ်ရေး ခေတ် ဝန်ကြီးချုပ် သခင်နုနဲ့ ရင်းနှီးသူ ဖြစ်လို့ ဝန်ကြီးတစ်နေရာလည်းမတောင်း ပါဘူး။ ဖဆပလမှာကလည်း ဆိုရှယ် လစ်လက်ဝဲသမားတွေ အားကောင်းနေ လို့ ဟိုလူတွေကလည်း ကိုညိုမြ ကို သူ တို့အဖွဲ့ကို အဝင်မခံပါဘူး။ ကိုညိုမြက လက်ယာယိမ်းဖြစ်နေလို့ပါပဲ။
အစ်ကိုဖြစ်တဲ့ ICS ဦးစိုးတင့်နဲ့ ICS အရာရှိတွေ အစုရှယ်ယာထည့် ဝင်ကြလို့ အိုးဝေသတင်းစာကို ဦးညိုမြ က ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ မှာ စတင်ထုတ်ဝေ ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဖဆပလဥက္ကဋ္ဌဘဝနဲ့လွတ် လပ်ရေး ကြိုးပမ်းတဲ့ကာလမှာ လက်ဝဲ၊ လက်ယာ သတင်းစာ ဆရာတွေကလည်း ဗိုလ်ချုပ်ကို ပညာပြတဲ့ အနေနဲ့ ထိခိုက် ရေးတာ တွေရှိတာပေါ့။ ဗိုလ်ချုပ်က လည်း ဒိုမီနီယံ လွတ်လပ်ရေးဆိုတာ တောင် သေသေချာချာမသိတဲ့ နိုင်ငံရေး သမားတွေ၊ သတင်းစာ ဆရာတွေ ရှိသေး တယ်။ သူတို့မသိဘူးပြောတော့ မခံချင် ကြဘူး။ မခံချင်အောင်မှန်နေလို့ ခက် နေကြတယ်လို့ ဝေဖန်ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းက အားလုံး ကို ခြုံပြီး ဆိတ်လစိ သတင်းစာတွေလို့ လည်း ပြောခဲ့ပါတယ်။ ဒီလိုပြောတော့ လည်း ဂျာနယ်ကျော် ဦးချစ်မောင်က အစနာကြည်းလို့ တုံ့ပြန်ခဲ့တယ်။ နိုင်ငံ ရေးအရ ဦးညိုမြက ဗမာ့ခေတ်သတင်း စာမှာ ဆိတ်လစိဋီကာဆိုပြီး တုံ့ပြန်ခဲ့ တယ်။ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေက အဲဒီလိုဖြစ်ခဲ့တာ ဒီမို က ရေစီဘောင်အတွင်း ပွတ်တိုက်မှုတွေပဲ။
အိုးဝေသတင်းစာတိုက် ဖျက်ဆီးခံရ
လွတ်လပ်ရေးခေတ်ဦး ဖဆပလ စိုက်ပျိုးရေးဝန်ကြီး သခင်တင် လက်ပံ တန်းဗိုလ်တဲမှာ တောင်သူလယ်သမား ရဲ့ သမီးပျိုကို မီးခွက်မှုတ်ပါတယ်ဆိုတဲ့ သတင်းမှားကို ရန် ဘက်ရဲဘော်ဖြူ ဗိုလ် တစ်ဦးက အိုးဝေ၊ စီးပွားရေး၊ ပြည်သူ့ ဟစ်တိုင်နဲ့ ကွန်မြူနစ်နေ့စဉ် သတင်း စာတိုက်တွေကို နယ်က သတင်းပို့တယ်။ သတင်းထူးဆိုပြီး အဲဒီ တိုက်တွေက ပျစ် ပျစ်နှစ်နှစ်ခေါင်းကြီးပေးလို့ ရေးကြတာ ပေါ့။ ဒီသတင်းက မမှန်ဘူး။ ဆိုရှယ်လစ် ဝန်ကြီး တစ်ဦးကို မြေပိုင်ရှင်အသင်း သြဇာခံ သတင်းစာ တိုက်တွေ က ပုတ် ခတ်ရေးသားတယ်ဆိုပြီး ဆိုရှယ်လစ် တွေက မြင်တယ်။ မြေပိုင်ရှင်တွေထံက မြေယာတွေကို အစိုးရက သိမ်းယူပြီး မြေမဲ့၊ ယာမဲ့တွေကို ဝေငှတယ်။
၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက် နေ့က မဟာ ဗန္ဓုလပန်းခြံမှာမြေပိုင်ရှင် ဆန့်ကျင်ရေး လူထုစည်းဝေးပွဲလုပ်လို့ သွေးထိုးမြှောက် ပင့်ထားတဲ့ လူထုကြီးနဲ့ မြို့ထဲက သတင်း စာတိုက် သုံးတိုက်ကို ဖျက်ဆီးပစ်ကြတယ်။ ဆိုရှယ်လစ်ခေါင်း ဆောင်တွေက လူအုပ်ထိပ်ဆုံးကနေပြီး လမ်းညွှန်ကြတယ်။ စမ်းချောင်းက ကွန် မြူနစ် သတင်း စာတိုက်တော့ မြို့ထဲနဲ့ အ လှမ်းဝေးတာရယ်။ မြေပိုင်ရှင် ကိုယ်စား လှယ် မဟုတ်တာရယ်၊ ကွန်မြူနစ်ပါတီ ဝင်တွေက တုတ်တွေနဲ့ တိုက်ရှေ့မှာ ခုခံဖို့ စောင့်နေကြောင်း သ တင်းရလို့ မသွား ကြတော့ပါဘူး။ ဦးညိုမြရဲ့ သတင်းစာ တိုက်က ဦးစွာအဖျက်ခံရလို့ အပျက်အ စီးများခဲ့ပါတယ်။
နိုင်ငံရေးထဲရောက်ပြန်တဲ့ ဦးညိုမြ
၁၉၅၈ ခုနှစ်၊ အာဏာရ ဖဆပလ အဖွဲ့ချုပ်ကြီး သန့်ရှင်း/တည်မြဲအုပ်စု ကွဲသွားတယ်။ ဦးညိုမြ သန့်ရှင်းအုပ်စု ကို ဝင်ရောက်လို့ အဖွဲ့ချုပ်ပြန်ကြားရေး မှူးဖြစ်ခဲ့တယ်။ သူ့သတင်းစာကိုလည်း ”ပြည်သူ့အိုးဝေနေ့စဉ်”လို့ အမည် ပြောင်းတယ်။ ကာတွန်းဦးဖေသိန်းရဲ့ ဥဒေတယံ တစ်ကွက်ကာတွန်းကို သတင်းစာ အဖုံး မှာနေ့စဉ် ဖော်ပြ လို့ စောင်ရေတက်ခဲ့တယ်။
အိမ်စောင့်အစိုးရ လက်ထက် ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပ ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ မုံရွာ ခရိုင်မဲဆန္ဒ နယ်မှ ဦးညိုမြက သန့်ရှင်း ဖဆပလအမတ်ဖြစ် လာတယ်။ လွှတ် တော်အမတ် ဖြစ်ပြီးနောက် တရုတ်ပြည် သူ့သမ္မတနိုင်ငံကို ၁၉၆ဝ ခုနှစ်မှာ သွား ခဲ့တယ်။ မြောက်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှာ ချစ်ကြည်ရေးခရီး ထွက် ခဲ့ရ တယ်။
တော်လှန်ရေး ကောင်စီခေတ်
စာရေးသူက ၁၄ နှစ်သားဘဝ မိုး ကြိုးသတင်းစာ တနင်္ဂနွေအထူးထုတ်မှာ ကလောင်သွေးနေတယ်။ ပိုင်ရှင်ဦးအုန်း ခင်က မိုးကြိုးသတင်းစာတာဝန်ခံအဖြစ် ဆရာကြီးဖိုးေ သာကြာ(ခေတ်+မိုး)ကို လွှဲအပ်လို့ ကိုယ့်ခြေ ကိုယ့်လက်ဖြစ်နေ တယ်။ ဆရာဖိုးသောကြာ စင်တင်ပေးလို့ စာရေးသူ ကျေးဇူးတင်ခဲ့ရတယ်။ အစိုးရ သတင်းစာ လုပ် သားပြည်သူ့ နေ့စဉ် (မြန်မာ/အင်္ဂလိပ်)တွေ ၁၉၆၄ ခုနှစ်မှာ စတင်ထုတ်ဝေကြတယ်။
၁၉၆၅ ခုမှာ ပုဂ္ဂလိက သတင်းစာ တွေ အရှုံးပြလို့ ရပ်စဲကုန်ကြတယ်။ စာ ရေးသူတို့ ရေးကွက်ရှာရပြန်တယ်။ ၁၉၆၉ မှာ ပြည်တွင်းညီညွတ်ရေးအကြံ ပေးအဖွဲ့ (၃၃- ဦး အကြံပေး) ပေါ်လာ တယ်။ ဗိုလ်ချုပ်နေဝင်းက ဂျာနယ်ထုတ် ဝေခွင့်တွေ ချပေးလို့ အိုးဝေ၊ ရှုထောင့်၊ ရွှေတူ၊ ပွင့်လင်းနဲ့ သတင်းဂျာနယ်တွေ ပေါ်လာတယ်။ ရှုထောင့်က လက်ဝဲအုပ် စု၊ အိုးဝေက လက်ယာယိမ်းနိုင်ငံရေး သမားတွေရေးကြတယ်။ ပြည်သူ့ရဲဘော် လူထွက်တွေက ရွှေတူမှာရေးကြတယ်။ အိုးဝေမှာ စာရေးသူ ဆောင်းပါးတချို့ ပို့ပေးတော့ တက္ကသိုလ်ကျောင်းသား ဘဝ ၁၉၇ဝ ပြည့်နှစ်တစ်ဝိုက်ပါပဲ။ ဂျာ နယ်တွေကို နှစ်ပတ်တစ်ကြိမ်၊ တစ် စောင်တစ်ကျပ်နဲ့ ရောင်းတယ်။ ခဲစာလုံး စီပုံနှိပ်စက်တွေ ပါပဲ။
အိုးဝေဦးညိုမြရဲ့ လောကဓံ
အိုးဝေဦးညိုမြဟာ ၁၉၈ဝ ပြည့် နှစ်မှာ နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယအ ဆင့်) ရခဲ့ပါတယ်။ လုံးချင်းထုတ်ဝေတဲ့ စာအုပ်တွေက နန်းကြာညို (၁၉၃၈)၊ ညိုမြ (၁၉၃၉)၊ တရုတ်နဲ့ ရုရှားတို့အ ကွဲတော်ပုံ (၁၉၆၄)၊ တစ်ကိုယ်တော် (ဘာသာပြန်/၁၉၆၃) ဘိန်းဋီကာသုံး စောင်တွဲ(၁၉၇၃)၊ မြန်မာ-အမေရိကန် ဆက်ဆံမှုမှတ်တမ်း(စုစည်းတည်းဖြတ် ၁၉၈ဝ)၊ ကုန်းဘောင်ရှာပုံတော်(၁၉၈၂)၊ ဤမိုးဤမြေ(၂ တွဲ ၂ဝဝ၂-၂ဝဝ၄)တို့ကို ရေးသားခဲ့တယ်။
၁၉၇၄ ခု အခြေခံဥပဒေသစ် ပြင် ဆင်ရေးကာလဖြစ်တဲ့ ၁၉၇၂ ခုမှာ ထုတ်ဝေခွင့်ချပေးတဲ့ နိုင်ငံရေး အသွေး အရောင်မကင်းတဲ့ ဂျာနယ်တွေ အပိတ် ခံရတယ်။ မောင်သုမန ကလောင်နဲ့ အိုးဝေလက်ဖက်ရည်ကြမ်းဝိုင်း ပင်တိုင် ရေးတဲ့ ဦးညိုမြ ကလောင်အစွမ်း ပြလို့ မရတော့ပါ။ အထောက်တော်လှအောင် ဦးစီးတဲ့ သောင်းပြောင်းထွေ လာ မဂ္ဂဇင်း မှာ မောင်သုမနကလောင် ရွှေ့ရပြန်တယ်။
၁၉၇၃ ခုနှစ်မှာ ဒေါ်ခင်သန်းနွယ် ကွယ်လွန် ပြီးနောက် စီးပွားရေးလည်း ကျဆင်းပြီး ဆရာ အသောက်အစား လည်း ပိုလာပါတယ်။ သောက်ရင်းစား ရင်းရေးခဲ့တဲ့ ကုန်းေ ဘာင်ရှာပုံတော်စာ အုပ်ကြီးကတော့ အကြိမ်ကြိမ်ပုံနှိပ်နေရ ပါတယ်။ ဦးညိုမြရဲ့ အိုးဝေဂျာနယ်တိုက်ကြီး အောက်ထပ်မှာ ဖွင့်ထားတဲ့ ကုန်သွယ် ရေး ၄ ခိုင်ရွှေဝါ အရက်ဖြူဆိုင်ကြီးက လည်း ဟီးထလို့နေပါတယ်။ အိုးဝေ တိုက်ကြီးရောင်းချလို့ သူ့တစ်သက်တော့ နေထိုင်မယ့် ပုံစံရှိနေတယ်။ အရက်ဖြူ ဆိုင်မှာမတ်ခွက်နဲ့ ကိုယ်တိုင် ဆင်းဝယ် နေတာတွေ့ခဲ့ရတဲ့ မြင်ကွင်းကိုတော့ စာ ရေးသူ စိတ်မကောင်းဖြစ်မိပါတယ်။ စေ ခိုင်းရမယ့် အိမ်သားတွေမရှိလို့ ကိုယ့်ဝန် ကိုယ်ထမ်းလုပ်နေရသလား။ ထွက် တစ်လုပ်ဝင်တစ်လုပ် ရှပ်ထုလိုက် ကလောင် ကိုင်လိုက်လုပ်နေသလားလို့ စာရေးသူ စဉ်းစားမရဖြစ်နေပါတယ်။ စာရေးဆရာ၊ သတင်းစာ ဆရာ၊ နိုင်ငံရေးသမားကြီး အိုးဝေ ဦးညိုမြ (နိုင်ငံ့ဂုဏ်ရည်) (ဒုတိယဆင့်) ဟာ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ အသက် (၇၁) နှစ်မှာ ကွယ်လွန်ခဲ့တယ်။
မိုးမြင့်ဝင်း(နည်းပညာ)

မှတ်ချက်များ