ဘာဘီ႐ုပ္ႏွင့္တူေအာင္ လစဥ္ ေပါင္ ၁၀၀၀ သုံးၿပီး ခြဲစိတ္ေနသည့္ ဆယ္ေက်ာ္သက္
Zawgyi ျဖင့္ဖတ္ရန္
တကယ့္ဘဝထဲက ဘာဘီအ႐ုပ္မေလးနဲ႔ တူလာေအာင္ ေျပာင္းလဲခ်င္တဲ့ ဆယ္ေက်ာ္သက္ တဦးက မိဘေတြရဲ႕ ပိုက္ဆံကို လစဥ္ ေပါင္ ၁ ေထာင္သုံးၿပီး ခြဲစိတ္ျပဳျပင္ေနပါတယ္။
ခ်က္ႏိုင္ငံ ပရက္ဂ္ၿမိဳ႕က အသက္ ၁၈ ႏွစ္အ႐ြယ္ ဂါဘရီလာဂ်ီရက္ကိုဗာက အေမရိကန္လုပ္ အ႐ုပ္ေလးေတြ ၃၀၀ ပိုင္ဆိုင္ၿပီး လက္တေလာ သူမရဲ႕ သဘာဝ စီအ႐ြယ္အစား ရင္သားေတြကို အ႐ြယ္အစား ဂ်ီအထိျဖစ္ေအာင္ ခြဲစိတ္ျပဳျပင္ထားတယ္လို႔ ဆိုပါတယ္။
ဂါဘရီလာက သူမရဲ႕ သဘာဝအတိုင္းျဖစ္ေနတဲ့ အလွကို ေ႐ႊေရာင္ဆံပင္ မ်က္ေတာင္အထူႀကီးေတြ၊ မိတ္ကပ္နဲ႔ႏႈတ္ခမ္းနီေတြနဲ႔ျပဳျပင္ၿပီး ဘာဘီအ႐ုပ္တ႐ုပ္လို တုပ ျပင္ဆင္ခဲ့တာပါ။
တင္ပါးအစားထိုးတာ၊ နံ႐ိုး ခြဲစိတ္ဖယ္ရွားတာေတြအပါအဝင္ ပိုမိုခြဲစိတ္ျပဳျပင္မႈေတြ လုပ္ဖို႔ လက္တေလာ စီစဥ္ခဲ့ၿပီး ရင္သားပိုမိုႀကီးေအာင္ ခြဲစိတ္ျပဳျပင္ခဲ့တာက သူမကို တကယ့္အ႐ုပ္ တ႐ုပ္လိုျဖစ္ေအာင္ ၿပီးျပည့္စုံစြာ အေထာက္အကူ ျပဳခဲ့ပါတယ္။
“က်မကို အျခားတကယ့္သက္ရွိဘဝမွာ ရွိေနတဲ့ ဘာဘီပုံစံအမ်ိဳးသမီးေတြနဲ႔ က်မရဲ႕ ဘာဘီအ႐ုပ္ေတြက ဒီလိုေျပာင္းလဲေအာင္ လႈံ႕ေဆာ္ေပးတယ္။ ကေလးတေယာက္အေနနဲ႔ က်မမွာ ဒီလို ဘာဘီအ႐ုပ္ေတြလည္း အမ်ားႀကီး ရွိခဲ့တယ္” လို႔ သူမက ေျပာပါတယ္။
“ေန႔တိုင္း ဒီလိုပုံအသင့္ျဖစ္ဖို႔ က်မ အခ်ိန္ ၃ နာရီခြဲၾကာတယ္။ ဒီလူေနမႈပုံစံက လုံးဝေတာ့ မလြယ္ဘူး။ က်မရဲ႕ဒီပုံစံျဖစ္ေအာင္ ထိန္းသိမ္းရတာက စိတ္ပိုင္း၊ ႐ုပ္ပိုင္းနဲ႔ ေငြေၾကးပိုင္းဆိုင္ရာ အားလုံးမွာ ခက္ခဲတယ္။ လူတိုင္း၊ က်မကို မုန္းသူ၊ က်မရဲ႕ပရိသတ္နဲ႔ သတင္းဌာနေတြကေနလည္း က်မအေပၚ ဖိအားေတြ အမ်ားႀကီး ျဖစ္ေစတယ္” လို႔ သူမက ေျပာပါတယ္။
သူမရဲ႕ မိခင္ျဖစ္သူက “ခြဲစိတ္မႈေတြအတြက္ သူ႔ရဲ႕က်န္းမာေရးကိုေတာ့ စိတ္ပူတယ္၊ ဒါေပမယ့္ ဒါကို ဘယ္ေလာက္ၾကာၾကာ လုပ္ႏိုင္မလဲ၊ ဒါက သူ႔ရဲ႕ ေ႐ြးခ်ယ္မႈျဖစ္လို႔ က်မကေတာ့ အေလးထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သမီးက လွၿပီးသားပါ၊ သူ ေပ်ာ္ေနဖို႔နဲ႔ သူ႔အိမ္မက္ေတြကို ျဖည့္ဆည္းဖို႔က အေရးအႀကီးဆုံးပါ” လို႔ ေျပာပါတယ္။
ဂါဘရီလာကေတာ့ အေမရိကန္ႏိုင္ငံမွာ ေနဖို႔ စိတ္ကူးေနၿပီး သူမက လုံးဝကို ဘာဘီ႐ုပ္ တ႐ုပ္နဲ႔တူေအာင္ ျပဳျပင္ေနထိုင္ဖို႔ စိတ္အားထက္သန္ေနတာလို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
Credit : DVB
Unicode ဖြင့်ဖတ်ရန်
ဘာဘီရုပ်နှင့်တူအောင် လစဉ် ပေါင် ၁၀၀၀ သုံးပြီး ခွဲစိတ်နေသည့် ဆယ်ကျော်သက်
တကယ့်ဘဝထဲက ဘာဘီအရုပ်မလေးနဲ့ တူလာအောင် ပြောင်းလဲချင်တဲ့ ဆယ်ကျော်သက် တဦးက မိဘတွေရဲ့ ပိုက်ဆံကို လစဉ် ပေါင် ၁ ထောင်သုံးပြီး ခွဲစိတ်ပြုပြင်နေပါတယ်။
ချက်နိုင်ငံ ပရက်ဂ်မြို့က အသက် ၁၈ နှစ်အရွယ် ဂါဘရီလာဂျီရက်ကိုဗာက အမေရိကန်လုပ် အရုပ်လေးတွေ ၃၀၀ ပိုင်ဆိုင်ပြီး လက်တလော သူမရဲ့ သဘာဝ စီအရွယ်အစား ရင်သားတွေကို အရွယ်အစား ဂျီအထိဖြစ်အောင် ခွဲစိတ်ပြုပြင်ထားတယ်လို့ ဆိုပါတယ်။
ဂါဘရီလာက သူမရဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ အလှကို ရွှေရောင်ဆံပင် မျက်တောင်အထူကြီးတွေ၊ မိတ်ကပ်နဲ့နှုတ်ခမ်းနီတွေနဲ့ပြုပြင်ပြီး ဘာဘီအရုပ်တရုပ်လို တုပ ပြင်ဆင်ခဲ့တာပါ။
တင်ပါးအစားထိုးတာ၊ နံရိုး ခွဲစိတ်ဖယ်ရှားတာတွေအပါအဝင် ပိုမိုခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ လက်တလော စီစဉ်ခဲ့ပြီး ရင်သားပိုမိုကြီးအောင် ခွဲစိတ်ပြုပြင်ခဲ့တာက သူမကို တကယ့်အရုပ် တရုပ်လိုဖြစ်အောင် ပြီးပြည့်စုံစွာ အထောက်အကူ ပြုခဲ့ပါတယ်။
“ကျမကို အခြားတကယ့်သက်ရှိဘဝမှာ ရှိနေတဲ့ ဘာဘီပုံစံအမျိုးသမီးတွေနဲ့ ကျမရဲ့ ဘာဘီအရုပ်တွေက ဒီလိုပြောင်းလဲအောင် လှုံ့ဆော်ပေးတယ်။ ကလေးတယောက်အနေနဲ့ ကျမမှာ ဒီလို ဘာဘီအရုပ်တွေလည်း အများကြီး ရှိခဲ့တယ်” လို့ သူမက ပြောပါတယ်။
“နေ့တိုင်း ဒီလိုပုံအသင့်ဖြစ်ဖို့ ကျမ အချိန် ၃ နာရီခွဲကြာတယ်။ ဒီလူနေမှုပုံစံက လုံးဝတော့ မလွယ်ဘူး။ ကျမရဲ့ဒီပုံစံဖြစ်အောင် ထိန်းသိမ်းရတာက စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ငွေကြေးပိုင်းဆိုင်ရာ အားလုံးမှာ ခက်ခဲတယ်။ လူတိုင်း၊ ကျမကို မုန်းသူ၊ ကျမရဲ့ပရိသတ်နဲ့ သတင်းဌာနတွေကနေလည်း ကျမအပေါ် ဖိအားတွေ အများကြီး ဖြစ်စေတယ်” လို့ သူမက ပြောပါတယ်။
သူမရဲ့ မိခင်ဖြစ်သူက “ခွဲစိတ်မှုတွေအတွက် သူ့ရဲ့ကျန်းမာရေးကိုတော့ စိတ်ပူတယ်၊ ဒါပေမယ့် ဒါကို ဘယ်လောက်ကြာကြာ လုပ်နိုင်မလဲ၊ ဒါက သူ့ရဲ့ ရွေးချယ်မှုဖြစ်လို့ ကျမကတော့ အလေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမီးက လှပြီးသားပါ၊ သူ ပျော်နေဖို့နဲ့ သူ့အိမ်မက်တွေကို ဖြည့်ဆည်းဖို့က အရေးအကြီးဆုံးပါ” လို့ ပြောပါတယ်။
ဂါဘရီလာကတော့ အမေရိကန်နိုင်ငံမှာ နေဖို့ စိတ်ကူးနေပြီး သူမက လုံးဝကို ဘာဘီရုပ် တရုပ်နဲ့တူအောင် ပြုပြင်နေထိုင်ဖို့ စိတ်အားထက်သန်နေတာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Credit : DVB


မှတ်ချက်များ