Ahn Jae Hyun နဲ႔ ကြာရွင္းမွုေၾကာင္႔ ျဖစ္ေပၚလာတဲ႔အက်ိဳးဆက္ေတြအေၾကာင္းကုိ ဖြင္႔ဟေျပာျပလိုက္တဲ႔ Goo Hye Sun
Zawgyiျဖင့္ဖတ္ရန္
ခင္ပြန္းျဖစ္သူ Ahn Jae Hyun နဲ႔ ကြာရွင္းမယ္လို႔ စတင္အသိေပးတဲ႔အခ်ိန္ကစျပီး ျဖစ္ေပၚလာသမွ် ခံစားခ်က္အကုန္လံုးကို အင္စတာဂရမ္ကေနတဆင္႔ မွ်ေ၀ေဖာ္ျပခဲ႔တဲ႔ Goo Hye Sun ဟာ Woman Donga မဂၢဇင္းနဲ႔ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴးတစ္ခုမွာ ကြာရွင္းမွဳေၾကာင္႔ ျဖစ္ေပၚလာတဲဲ႔ အက်ိဳးဆက္ေတြအလံုးစံုကို ဖြင္႔ဟေျပာျပသြားခဲ႔ပါတယ္။
သူမ ေျပာပံုအရဆိုရင္ ကြာရွင္းမွုနဲ႔ပတ္သတ္ျပီး ျပႆနာေတြမ်ားစြာျဖစ္ေပၚေနတဲ႔အခ်ိ္န္တုန္းက သူမရဲ႕ အျပဳအမူေတြ၊ အေျပာအဆိုေတြ အကုန္လံုးက တျခားသူတစ္ေယာက္လို ေျပာင္းလဲသြားတာေၾကာင္႔ မိသားစု၀င္ေတြမွာ သူမရဲ႕ က်န္းမာေရးအေျခအေနကို စိုးရိမ္ပူပန္ခဲ႔ၾကတယ္လို႔ သိရပါတယ္။
"ကၽြန္မတို႔ ကြာရွင္းတဲ႔သတင္းေတြ ထြက္တဲ႔အခ်ိန္တုန္းကဆိုရင္ ကၽြန္မရဲ႕ မိဘေတြက ကၽြန္မကို ေသမယ္လို႔ေတာင္ ထင္ေနခဲ႔ၾကတာ။ အရမ္းစိတ္ဆိုးေဒါသထြက္တာမ်ိုးက ကၽြန္မရဲ႕ဘ၀မွာ တစ္ခါမွ မျဖစ္ခဲ႔ဖူးဘူးေလ။ ဒါေပမယ္႔ သတင္းေတြထြက္ျပီးေနာက္မွာ ကၽြန္မ အရမ္းကို ေဒါသေတြၾကီးလာတယ္။ ဒီလိုမ်ိုး အျပဳအမူေတြ၊ ပံုစံေတြကေျပာင္းလဲလာေတာ႔ ကၽြန္မရဲ႕မိသားစုလည္း အရမ္းလန္႔သြားျပီး ကၽြန္မ တစ္ေယာက္တည္းေနဖို႔မသင္႔ေတာ္ေတာ႔ဘူးဆုိတာကို ယံုၾကည္ခဲ႔ၾကတယ္။ ပထမဆံုး ကၽြန္မရဲ႕ အစ္မၾကီးက ကၽြန္မနဲ႔အတူ တစ္ပတ္လာေနေပးတယ္၊ ျပီးေတာ႔ ကၽြန္မရဲ႕ အေမေပါ႔။ ကၽြန္မ ေဆးရံုလည္း တစ္လေလာက္တတ္လို္က္ရေသးတယ္ေလ။ စိ္တ္ပိုင္းဆုိင္ရာ ကၽြမ္းက်င္သူေတြနဲ႔ ေဆြးေနြးကုသျပီးေနာက္မွာေတာ႔ ကၽြန္မ ေနရတာ ပိုျပီးစိတ္သက္သာရာရလာတယ္" လို႔ဆိုကာ သူမရဲ႕ ကြာရွင္းျပီးေနာက္ျဖစ္ေပၚခဲ႔တဲ႔ သူမရဲဲ႕ အေျခအေနအေသးစိတ္ကို ေျပာျပခဲ႔ပါတယ္။
ဒါ႔အျပင္ အဲဒီအခ်ိန္တုန္းက ျပုလုပ္ခဲ႔တဲ႔ အျပဳအမူေတြနဲ႔ပတ္သတ္ျပီး ေနာင္တရမိေၾကာင္းကိုလည္း "ကၽြန္မ ေနာင္တေတြ အမ်ားၾကီးရမိပါတယ္။ တခ်ိဴ႕အျပဳအမူေတြကိုဆိုရင္ ကၽြန္မကိုယ္ကၽြန္မေတာင္မွ နားလည္လို႔မရပါဘူး။ ဒါေပမယ္႔လည္း မုန္းတီးမွဳေၾကာင္႔ျဖစ္ေပၚလာတဲ႔ ခံစားမွဳေတြကို ထိန္းခ်ုပ္ဖုိ႔က ခက္ခဲတယ္လို႔ ကၽြန္မ ထင္ပါတယ္။ ကၽြန္မအေနနဲ႔ သူ႕ကို အရမ္းယံုၾကည္ခဲ႔ေတာ႔ ခြင္႔မလႊတ္ႏိုင္ခဲ႔ဘူး။ ကၽြန္မ ရူးျပီလို႔ထင္မိတဲ႔အထိေတာင္မွ ေဒါသေတြထြက္ခဲ႔မိတယ္။ ဒါေပမယ္႔ ကၽြန္မရဲ႕ဘ၀ကို ျပန္လည္စတင္ဖို႔အတြက္ ဆံုးျဖတ္ျပီးေနာက္မွာေတာ႔ အဲဒါေတြကို ေမ႔ပစ္ဖို႔ ၾကိဳးစားခဲ႔႔ပါတယ္" လုိ႔ဆိုကာ ဖြင္႔ဟေျပာသြားခဲ႔ပါတယ္။
Ahn Jae Hyun နဲ႔ လက္ထပ္ျပီးေနာက္မွာ ပိုင္ဆိုင္ရရွိခဲ႔တဲ႔ အိမ္ေထာင္သည္ဘ၀အေၾကာင္းကိုလည္း အခုလိုမ်ိုးရင္ဖြင္႔ေျပာခဲ႔ပါတယ္။ "ဆိုး၀ါးတဲ႔ေန႔ရက္ေတြကေတာ႔ အမ်ားၾကီးမရွိပါဘူး။ ရန္ျဖစ္ဖို႔အတြက္ကလည္း အေၾကာင္းအရင္းအမ်ားၾကီးမရွိဘူးေလ။ ျပီးေတာ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္းမုန္းစရာေကာင္းတာမ်ိုးေတြကိုလည္း မလုပ္ခဲ႔ၾကပါဘူး။ ကၽြန္မ သူ႕ကို အမုန္းဆံုးျဖစ္တာကေတာ႔ အရက္ေတြေသာက္တာကိုပါပဲ။ ဒါေပမယ္႔ ေနာက္ေန႔က်ရင္ ေတာင္းပန္ေတာ႔ ကၽြန္မလည္း အျငင္းမပြားေတာ႔ပဲ လက္ခံခဲ႔ပါတယ္။ သူကက်ေတာ႔ သူ႕ရဲ႕ အက်ီၤမွာ တိရစာၦန္အေမႊးေတြကပ္ေနတာမ်ိဳးကို မၾကိဳက္တဲ႔သူရွင္႔။ ဒီေတာ႔ အဲဒါက သူ႕အတြက္ ခက္ခဲတဲ႔အရာ ျဖစ္ေကာင္းျဖစ္ပါလိမ္႔မယ္။ ဒါေပမယ္႔ သူ ေဒါသထြက္ေပါက္ကြဲတယ္ဆိုတာကေတာ႔ ေတာ္ေတာ္ေလးကို ရွားပါတယ္။ ဒီေတာ႔ ကၽြန္မတုိ႔လည္း သာမန္စံုတြဲေတြလိုမ်ိုး ရန္ျဖစ္လိုက္၊ ျပန္ခ်စ္လိုက္ဆိုတာမ်ိုးပါပဲ" လို႔ဆိုျပီး ေျပာျပခဲ႔တာျဖစ္ပါတယ္။
ကြာရွင္းဖို႔အတြက္ အစျပဳခဲ႔ပံုကိုေတာ႔ "သူက မနက္အေစာၾကီးဆိုရင္ ေလက်င္႔ခန္းလုပ္ဖို႔ဆိုျပီး ထြက္သြားတယ္။ ညဘက္ဆိုရင္ ေသာက္စားျပီး ျပန္လာတယ္။ ပထမေတာ႔ ကၽြန္မလည္း သူ႕ရဲ႕ ဇာတ္ေကာင္ကို ပိုျပီးေတာ႔ ပီျပင္ခ်င္လို႔ၾကိဳးစားေနတယ္ပဲ ထင္ခဲ႔တာေပါ႔။ တစ္လအတြင္းမွာလည္း ကိုယ္ခႏၶာတည္ေဆာက္မွဳေတြက ေျပာင္းလဲသြားေတာ႔ သူ႕ရဲ႕ ၾကိဳးစားမွုေတြ အရာထင္တယ္ဆိုျပီး ကၽြန္မ ေပ်ာ္ခဲ႔တယ္။ သူ႕ဘာသာ တိုက္ခန္းမွာ သီးသန္႔ေနခ်ိန္မွာေတာင္မွ သူ႕ကို ဆက္သြယ္ဖို႔က အေတာ္ေလးခက္ခဲခဲ႔တယ္။ အဲဒါကိုလည္း သူ သရုပ္ေဆာင္ေလ႔က်င္႔ဖို႔ တစ္ေယာက္ေနရမယ္႔ အခ်ိန္လိုတာေၾကာင္႔ျဖစ္မွာလို႔ ေတြးေပးခဲ႔တယ္။ ဒါေပမယ္႔ တစ္လအၾကာမွာေတာ႔ သူ႕ဘာသာပဲ ေနခ်င္ေၾကာင္းနဲ႔ ကြာရွင္းခ်င္တယ္ဆိုတာကို ေျပာလာခဲ႔ပါတယ္" လို႔ဆိုကာ ေျပာျပခဲ႔ပါတယ္။
"လက္ထပ္ျပီးေနာက္ပိုင္းမွာ ကၽြန္မ ရိုက္ကူးေရးေတြ သိပ္မလုပ္ျဖစ္ခဲ႔ဘူး။ ကၽြန္မရဲ႕ခင္ပြန္းက အလုပ္ေတြပိုလုပ္ေနရေတာ႔ အိမ္အလုပ္ေတြလုပ္ဖို႔အတြက္က တစ္ေယာက္ေတာ႔ရွိရမွာေလ။ သူ ပိုျပီးေအာင္ျမင္ေနခ်ိန္မွာ ကၽြန္မ ဒံုရင္းက ဒံုရင္းပဲဆိုေတာ႔ ကၽြန္မကိုယ္ကၽြန္မ သိမ္ငယ္သလို၊ ပစ္ပယ္ခံရသလိုမ်ိုး ခံစားမိခဲ႔တယ္။ ကၽြန္မတို႔ ပထမဆံုးစေတြ႕ခ်ိန္တုန္းကဆိုရင္ ကၽြန္မ စီနီယာေလ၊ သူက ကၽြန္မကို ေလးစားခဲ႔ရတာ။ အိမ္အလုပ္ေတြကလည္း အေရးၾကီးတယ္ဆိုေပမယ္႔လည္း အႏွိမ္ခံရသလိုမ်ိုး ခံစားခဲ႔ရတယ္" လို႔လည္းဆိုကာ သူမရဲ႕ အိမ္ေထာင္ရွင္မဘ၀နဲ႔ ပတ္သတ္ျပီး ေျပာျပသြားခဲ႔တာ ျဖစ္ပါတယ္။
ကြာရွင္းဖုိ႔ေလွ်ာက္ထားဆဲအေျခအေနနဲ႔ ပတ္သတ္ျပီးေတာ႔လည္း "ကၽြန္မတို႔ ကြာရွင္းဖို႔လုပ္ေနၾကပါျပီ။ Ahn Jae Hyun နဲ႔ ေနာက္ထပ္ေတြ႕ဖို႔အေၾကာင္းအရင္းဆိုတာ မရွိေတာ႔ပါဘူး။" လို႔ ဆိုကာ ေျပာသြားခဲ႔ပါတယ္။
Ref : Koreaboo
Credit:momolay
Unicodeဖြင့်ဖတ်ရန်
Ahn Jae Hyun နဲ့ ကွာရှင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေအကြောင်းကို ဖွင့်ဟပြောပြလိုက်တဲ့ Goo Hye Sun
ခင်ပွန်းဖြစ်သူ Ahn Jae Hyun နဲ့ ကွာရှင်းမယ်လို့ စတင်အသိပေးတဲ့အချိန်ကစပြီး ဖြစ်ပေါ်လာသမျှ ခံစားချက်အကုန်လုံးကို အင်စတာဂရမ်ကနေတဆင့် မျှဝေဖော်ပြခဲ့တဲ့ Goo Hye Sun ဟာ Woman Donga မဂ္ဂဇင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကွာရှင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအလုံးစုံကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
သူမ ပြောပုံအရဆိုရင် ကွာရှင်းမှုနဲ့ပတ်သတ်ပြီး ပြဿနာတွေများစွာဖြစ်ပေါ်နေတဲ့အချိန်တုန်းက သူမရဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ အကုန်လုံးက တခြားသူတစ်ယောက်လို ပြောင်းလဲသွားတာကြောင့် မိသားစုဝင်တွေမှာ သူမရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ သိရပါတယ်။
"ကျွန်မတို့ ကွာရှင်းတဲ့သတင်းတွေ ထွက်တဲ့အချိန်တုန်းကဆိုရင် ကျွန်မရဲ့ မိဘတွေက ကျွန်မကို သေမယ်လို့တောင် ထင်နေခဲ့ကြတာ။ အရမ်းစိတ်ဆိုးဒေါသထွက်တာမျိုးက ကျွန်မရဲ့ဘဝမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလေ။ ဒါပေမယ့် သတင်းတွေထွက်ပြီးနောက်မှာ ကျွန်မ အရမ်းကို ဒေါသတွေကြီးလာတယ်။ ဒီလိုမျိုး အပြုအမူတွေ၊ ပုံစံတွေကပြောင်းလဲလာတော့ ကျွန်မရဲ့မိသားစုလည်း အရမ်းလန့်သွားပြီး ကျွန်မ တစ်ယောက်တည်းနေဖို့မသင့်တော်တော့ဘူးဆိုတာကို ယုံကြည်ခဲ့ကြတယ်။ ပထမဆုံး ကျွန်မရဲ့ အစ်မကြီးက ကျွန်မနဲ့အတူ တစ်ပတ်လာနေပေးတယ်၊ ပြီးတော့ ကျွန်မရဲ့ အမေပေါ့။ ကျွန်မ ဆေးရုံလည်း တစ်လလောက်တတ်လိုက်ရသေးတယ်လေ။ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကုသပြီးနောက်မှာတော့ ကျွန်မ နေရတာ ပိုပြီးစိတ်သက်သာရာရလာတယ်" လို့ဆိုကာ သူမရဲ့ ကွာရှင်းပြီးနောက်ဖြစ်ပေါ်ခဲ့တဲ့ သူမရဲ့ အခြေအနေအသေးစိတ်ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အဲဒီအချိန်တုန်းက ပြုလုပ်ခဲ့တဲ့ အပြုအမူတွေနဲ့ပတ်သတ်ပြီး နောင်တရမိကြောင်းကိုလည်း "ကျွန်မ နောင်တတွေ အများကြီးရမိပါတယ်။ တချိူ့အပြုအမူတွေကိုဆိုရင် ကျွန်မကိုယ်ကျွန်မတောင်မှ နားလည်လို့မရပါဘူး။ ဒါပေမယ့်လည်း မုန်းတီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကို ထိန်းချုပ်ဖို့က ခက်ခဲတယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မအနေနဲ့ သူ့ကို အရမ်းယုံကြည်ခဲ့တော့ ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ကျွန်မ ရူးပြီလို့ထင်မိတဲ့အထိတောင်မှ ဒေါသတွေထွက်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်မရဲ့ဘဝကို ပြန်လည်စတင်ဖို့အတွက် ဆုံးဖြတ်ပြီးနောက်မှာတော့ အဲဒါတွေကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပါတယ်" လို့ဆိုကာ ဖွင့်ဟပြောသွားခဲ့ပါတယ်။
Ahn Jae Hyun နဲ့ လက်ထပ်ပြီးနောက်မှာ ပိုင်ဆိုင်ရရှိခဲ့တဲ့ အိမ်ထောင်သည်ဘဝအကြောင်းကိုလည်း အခုလိုမျိုးရင်ဖွင့်ပြောခဲ့ပါတယ်။ "ဆိုးဝါးတဲ့နေ့ရက်တွေကတော့ အများကြီးမရှိပါဘူး။ ရန်ဖြစ်ဖို့အတွက်ကလည်း အကြောင်းအရင်းအများကြီးမရှိဘူးလေ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းမုန်းစရာကောင်းတာမျိုးတွေကိုလည်း မလုပ်ခဲ့ကြပါဘူး။ ကျွန်မ သူ့ကို အမုန်းဆုံးဖြစ်တာကတော့ အရက်တွေသောက်တာကိုပါပဲ။ ဒါပေမယ့် နောက်နေ့ကျရင် တောင်းပန်တော့ ကျွန်မလည်း အငြင်းမပွားတော့ပဲ လက်ခံခဲ့ပါတယ်။ သူကကျတော့ သူ့ရဲ့ အကျီၤမှာ တိရစ္ဆာန်အမွှေးတွေကပ်နေတာမျိုးကို မကြိုက်တဲ့သူရှင့်။ ဒီတော့ အဲဒါက သူ့အတွက် ခက်ခဲတဲ့အရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ ဒေါသထွက်ပေါက်ကွဲတယ်ဆိုတာကတော့ တော်တော်လေးကို ရှားပါတယ်။ ဒီတော့ ကျွန်မတို့လည်း သာမန်စုံတွဲတွေလိုမျိုး ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတာမျိုးပါပဲ" လို့ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။
ကွာရှင်းဖို့အတွက် အစပြုခဲ့ပုံကိုတော့ "သူက မနက်အစောကြီးဆိုရင် လေကျင့်ခန်းလုပ်ဖို့ဆိုပြီး ထွက်သွားတယ်။ ညဘက်ဆိုရင် သောက်စားပြီး ပြန်လာတယ်။ ပထမတော့ ကျွန်မလည်း သူ့ရဲ့ ဇာတ်ကောင်ကို ပိုပြီးတော့ ပီပြင်ချင်လို့ကြိုးစားနေတယ်ပဲ ထင်ခဲ့တာပေါ့။ တစ်လအတွင်းမှာလည်း ကိုယ်ခန္ဓာတည်ဆောက်မှုတွေက ပြောင်းလဲသွားတော့ သူ့ရဲ့ ကြိုးစားမှုတွေ အရာထင်တယ်ဆိုပြီး ကျွန်မ ပျော်ခဲ့တယ်။ သူ့ဘာသာ တိုက်ခန်းမှာ သီးသန့်နေချိန်မှာတောင်မှ သူ့ကို ဆက်သွယ်ဖို့က အတော်လေးခက်ခဲခဲ့တယ်။ အဲဒါကိုလည်း သူ သရုပ်ဆောင်လေ့ကျင့်ဖို့ တစ်ယောက်နေရမယ့် အချိန်လိုတာကြောင့်ဖြစ်မှာလို့ တွေးပေးခဲ့တယ်။ ဒါပေမယ့် တစ်လအကြာမှာတော့ သူ့ဘာသာပဲ နေချင်ကြောင်းနဲ့ ကွာရှင်းချင်တယ်ဆိုတာကို ပြောလာခဲ့ပါတယ်" လို့ဆိုကာ ပြောပြခဲ့ပါတယ်။
"လက်ထပ်ပြီးနောက်ပိုင်းမှာ ကျွန်မ ရိုက်ကူးရေးတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်မရဲ့ခင်ပွန်းက အလုပ်တွေပိုလုပ်နေရတော့ အိမ်အလုပ်တွေလုပ်ဖို့အတွက်က တစ်ယောက်တော့ရှိရမှာလေ။ သူ ပိုပြီးအောင်မြင်နေချိန်မှာ ကျွန်မ ဒုံရင်းက ဒုံရင်းပဲဆိုတော့ ကျွန်မကိုယ်ကျွန်မ သိမ်ငယ်သလို၊ ပစ်ပယ်ခံရသလိုမျိုး ခံစားမိခဲ့တယ်။ ကျွန်မတို့ ပထမဆုံးစတွေ့ချိန်တုန်းကဆိုရင် ကျွန်မ စီနီယာလေ၊ သူက ကျွန်မကို လေးစားခဲ့ရတာ။ အိမ်အလုပ်တွေကလည်း အရေးကြီးတယ်ဆိုပေမယ့်လည်း အနှိမ်ခံရသလိုမျိုး ခံစားခဲ့ရတယ်" လို့လည်းဆိုကာ သူမရဲ့ အိမ်ထောင်ရှင်မဘဝနဲ့ ပတ်သတ်ပြီး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
ကွာရှင်းဖို့လျှောက်ထားဆဲအခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း "ကျွန်မတို့ ကွာရှင်းဖို့လုပ်နေကြပါပြီ။ Ahn Jae Hyun နဲ့ နောက်ထပ်တွေ့ဖို့အကြောင်းအရင်းဆိုတာ မရှိတော့ပါဘူး။" လို့ ဆိုကာ ပြောသွားခဲ့ပါတယ်။
Ref : Koreaboo
Credit:momolay


မှတ်ချက်များ