အရက္ေသာက္ၿပီး မူးတဲ့အခ်ိန္ဟာ တကယ့္ကိုယ့္ရဲ႕ ပင္ကိုယ္ပံုစံအစစ္မွန္ပါ


Zawgyiျဖင့္ဖတ္ရန္

အရက္ေသာက္ရင္မူးတယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ေျပာၾကပါတယ္။တကယ္ေတာ့ အရက္ေသာက္တာမ်ားၿပီး အဲဒီအခ်ိန္မွာ သင္ျပဳမူတဲ့ အရာေတြအားလံုးဟာ တကယ္တမ္းေတာ့ သင့္ရဲ႕ပံုစံ အစစ္အမွန္ေတြပါပဲ။အဲဒီလိုေျပာလိုက္လို႔ နားရႈပ္သြားၿပီလား။ကၽြန္ေတာ္ေသခ်ာရွင္းျပပါမယ္။

ကၽြန္တာ္တို႔ အကုန္လံုးက အရက္ေသာက္လိုက္ရင္ စိတ္ထဲမွာ ခြန္အားေတြတိုးလာသလိုမ်ိဳး အရက္ေသာက္ဖူးတဲ့လူတိုင္းခံစားၾကဖူးမွာပါ။သီခ်င္းသံတိုးတိုးေလးဖြင့္ထားမယ္၊ တက္ကီလာ အရက္ေလးကို တျဖည္းျဖည္းခ်င္းမၽွင္းမၽွင္းၿပီး ဇိမ္ခံေသာက္မယ္၊ မၾကာခင္အခ်ိန္အတြင္းမွာ သင္မူးမွာပါ။ ဒါေပမယ့္ သင္အရမ္းမူးသြားရင္ အဲဒီညဘာဆက္ျဖစ္မယ္ဆိုတာ သင္မသိႏိုင္ေတာ့ပါဘူး။

စားပြဲေပၚတက္ၿပီးပဲကမလား၊ငိုမွာလား၊ရည္းစားေဟာင္းေတြဆီဖုန္းေတြဆက္ စာေတြပို႔တာပဲလုပ္မွာလား၊မူးၿပီးရန္ျဖစ္မွာလား။ဘယ္ပံုစံက သင္အမူးလြန္သြားရင္လုပ္မယ့္ပံုစံေတြလဲ?အဲဒီပံုစံေတြက သင္မမူးေသးတဲ့ အခ်ိနိမွာရွိတဲ့ သင့္ရဲ႕မူလပံုစံနဲ႔ တျခားဆီျဖစ္ေနတတ္ပါတယ္။

ဒီအေၾကာင္းကိုပဲ စိတ္ပညာရွင္တစ္ခ်ိဳ႕က ေက်ာင္းသား ၁၅၆ေယာက္နဲ႔ စမ္းသပ္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။အဲဒီထဲကတစ္ဝက္ကို ကိုယ့္ရဲ႕လစ္မစ္ထက္ေက်ာ္ေအာင္တိုက္ထားၾကပါတယ္။ က်န္တဲ့တစ္ဝက္ကေတာ့ အနည္းငယ္ဆီပဲေပါ့။အဲဒီအခ်ိန္မွာ အရမ္းေသာက္ထားတဲ့တစ္ဝက္ဟာ သူတို႔အရက္မေသာက္ေသးခင္အခ်ိန္ကပံုစံနဲ႔ တျခားဆီကြဲထြက္ေနပါတယ္။တကယ္ေတာ့ သူတို႔ဖံုးကြယ္ထားတဲ့ သူတို႔ရဲ႕ မူလပံုစံအမွန္ကထြက္ေပၚလာတာပါ။ က်န္တဲ့တစ္ဝက္ကေတာ့ ပံုမွန္ပါပဲ။

ဒါေၾကာင့္ကိုယ့္ရဲ႕ တကယ့္ပံုစံအစစ္အမွန္ကို မထုတ္ျပခ်င္ရင္ အရက္ကိုအလြန္အကၽြံမေသာက္တာ အေကာင္းဆံုးပါပဲ။ဘာလို႔လဲဆိုေတာ့ လူေတြရဲ႕တကယ့္မသိစိတ္ထဲမွာ ကိုယ့္ရဲ႕ ပင္ကိုယ္ပံုစံကို တျခားသူေတြကို ေပးမသိခ်င္လို႔ပဲျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ မူးေအာင္မေသာက္ဘဲ ကိုယ့္ရဲ႕လစ္မစ္ကိုထိန္းၿပီးေသာက္တာကေတာ့ အမွန္ဆံုးပဲျဖစ္ေၾကာင္း Curiosity အြန္လိုင္း သတင္းစာမ်က္ႏွာက ေဖာ္ျပခဲ့ပါတယ္။

Pyi Hein Kyaw

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အရက်သောက်ပြီး မူးတဲ့အချိန်ဟာ တကယ့်ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံအစစ်မှန်ပါ

အရက်သောက်ရင်မူးတယ်လို့ လူတော်တော်များများက ပြောကြပါတယ်။တကယ်တော့ အရက်သောက်တာများပြီး အဲဒီအချိန်မှာ သင်ပြုမူတဲ့ အရာတွေအားလုံးဟာ တကယ်တမ်းတော့ သင့်ရဲ့ပုံစံ အစစ်အမှန်တွေပါပဲ။အဲဒီလိုပြောလိုက်လို့ နားရှုပ်သွားပြီလား။ကျွန်တော်သေချာရှင်းပြပါမယ်။

ကျွန်တာ်တို့ အကုန်လုံးက အရက်သောက်လိုက်ရင် စိတ်ထဲမှာ ခွန်အားတွေတိုးလာသလိုမျိုး အရက်သောက်ဖူးတဲ့လူတိုင်းခံစားကြဖူးမှာပါ။သီချင်းသံတိုးတိုးလေးဖွင့်ထားမယ်၊ တက်ကီလာ အရက်လေးကို တဖြည်းဖြည်းချင်းမျှင်းမျှင်းပြီး ဇိမ်ခံသောက်မယ်၊ မကြာခင်အချိန်အတွင်းမှာ သင်မူးမှာပါ။ ဒါပေမယ့် သင်အရမ်းမူးသွားရင် အဲဒီညဘာဆက်ဖြစ်မယ်ဆိုတာ သင်မသိနိုင်တော့ပါဘူး။

စားပွဲပေါ်တက်ပြီးပဲကမလား၊ငိုမှာလား၊ရည်းစားဟောင်းတွေဆီဖုန်းတွေဆက် စာတွေပို့တာပဲလုပ်မှာလား၊မူးပြီးရန်ဖြစ်မှာလား။ဘယ်ပုံစံက သင်အမူးလွန်သွားရင်လုပ်မယ့်ပုံစံတွေလဲ?အဲဒီပုံစံတွေက သင်မမူးသေးတဲ့ အချိနိမှာရှိတဲ့ သင့်ရဲ့မူလပုံစံနဲ့ တခြားဆီဖြစ်နေတတ်ပါတယ်။

ဒီအကြောင်းကိုပဲ စိတ်ပညာရှင်တစ်ချို့က ကျောင်းသား ၁၅၆ယောက်နဲ့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲဒီထဲကတစ်ဝက်ကို ကိုယ့်ရဲ့လစ်မစ်ထက်ကျော်အောင်တိုက်ထားကြပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ အနည်းငယ်ဆီပဲပေါ့။အဲဒီအချိန်မှာ အရမ်းသောက်ထားတဲ့တစ်ဝက်ဟာ သူတို့အရက်မသောက်သေးခင်အချိန်ကပုံစံနဲ့ တခြားဆီကွဲထွက်နေပါတယ်။တကယ်တော့ သူတို့ဖုံးကွယ်ထားတဲ့ သူတို့ရဲ့ မူလပုံစံအမှန်ကထွက်ပေါ်လာတာပါ။ ကျန်တဲ့တစ်ဝက်ကတော့ ပုံမှန်ပါပဲ။

ဒါကြောင့်ကိုယ့်ရဲ့ တကယ့်ပုံစံအစစ်အမှန်ကို မထုတ်ပြချင်ရင် အရက်ကိုအလွန်အကျွံမသောက်တာ အကောင်းဆုံးပါပဲ။ဘာလို့လဲဆိုတော့ လူတွေရဲ့တကယ့်မသိစိတ်ထဲမှာ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံကို တခြားသူတွေကို ပေးမသိချင်လို့ပဲဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မူးအောင်မသောက်ဘဲ ကိုယ့်ရဲ့လစ်မစ်ကိုထိန်းပြီးသောက်တာကတော့ အမှန်ဆုံးပဲဖြစ်ကြောင်း Curiosity အွန်လိုင်း သတင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

Pyi Hein Kyaw

Credit:Shwemom

မှတ်ချက်များ