သက္တမ္း (၄၀၀) ရိွ သက္ရိွငါးမန္းတစ္ေကာင္ကုိ အာတိတ္သမုဒၵရာထဲမွာ ေတြ႕ရိွ


Zawgyiျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့အခ်ိန္ႏွစ္ပုိုင္းေလာက္က ေတြ႕ရိွခဲ့တဲ့ ႏွစ္ေပါင္း ေလးရာေလာက္ရိွေနၿပီျဖစ္တဲ့ ငါးမန္းတစ္ေကာင္ဟာ အသက္ရွင္ေနဆဲျဖစ္တဲ့ ေက်ာရိုးရိွသတၱဝါေတြထဲမွာ အရွည္အၾကာဆုံးသက္ရိွလုိ႔ ပညာရွင္မ်ားက သတ္မွတ္ခဲ့ၾကတာပါ။

ႏွစ္ေပါင္း ေလးရာဆုိတာ တကယ္ေတာ့ သမုိင္းေၾကာင္းအရွည္ႀကီးတစ္ခုကုိ ျဖတ္သန္းလာခဲ့ရျခင္းပါ။ အေမရိကန္ႏုိင္ငံရဲ႕ သမုိင္းနဲ႔ တြက္ၾကည့္မယ္ဆုိရင္ အဆုိပါ ငါးမန္းေမြးကာစမွာ ပထမေျမာက္ဘုရင္ျဖစ္တဲ့ ဂ်ိမ္း ထီးနန္းစိုးစံတုန္းက အခ်ိန္ေလာက္ပါ။ အဲဒီ ငါးမန္းအရြယ္ေရာက္လာခ်ိန္မွာေတာ့ ကိုလိုနီေခတ္စတင္ၿပီး နယ္ေျမခ်ဲ႕ထြြင္မႈေတြလည္း ျဖတ္သန္းလာခဲ့ရတာပါ။ ပထမဂ်ိမ္းစ္ဘုရင္ နန္းက်ၿပီး ဒုတိယေျမာက္ ဂ်ိမ္းစ္ဘုရင္ တက္လာခ်ိန္မွာ အဲဒီ ငါးမန္းဟာ အရြယ္ေရာက္လာခဲ့တာပါ။

အေမရိကန္အေရးေတာ္ပုံစတင္ျဖစ္္လာတဲ့ (၁၇၇၀) ဝန္းက်င္မွာ အဲဒီငါးမန္းဟာ အရြယ္ေရာက္ႀကီးျပင္းလာၿပီျဖစ္ၿပီး ကမာၻစစ္ႏွစ္ခုအပါအဝင္ စစ္ပြဲမ်ားစြာကုိ ျဖတ္သန္းလာခဲ့ရတာပါ။

ဒီလုိ မယုံၾကည္ႏိုင္ေလာက္ေအာင္ သက္တမ္းရွည္ငါးမန္းဟာ အခုအခ်ိန္မွာဆုိရင္ သက္တမ္း ၄၀၀ နီးပါးရိွေနပါၿပီ။ ငါးမန္းအမျဖစ္တဲ့ အဆုိပါ ငါးမန္းကုိ သက္ရိွထင္ရွားရိွေနေသးတဲ့ ေက်ာရိုးရိွသတၱဝါေတြထဲမွာ သက္တမ္းအရွည္ဆုံးသတၱဝါတစ္ေကာင္အျဖစ္ သိပၸံပညာရွင္ေတြက သတ္မွတ္ခဲ့ၾကပါတယ္။

သူအရင္က သက္တမ္းအရွည္ဆုံးသတၱဝါေတြထဲမွာ သက္တမ္းအရွည္ဆုံးဆင္က ၈၆ ႏွစ္ျဖစ္ၿပီး လူေတြအေနနဲ႔ေတာ့ တရားဝင္စာရင္းအရ (၁၂၂) ႏွစ္က သက္တမ္းအရွည္ဆုံးလုိ႔ သတ္မွတ္ထားပါတယ္။ သက္တမ္းအရွည္ဆုံးလူကကေတာ့ (၁၂၂) ႏွစ္ရိွၿပီျဖစ္တဲ့ ျပင္သစ္အဘြားအုိတစ္ေယာက္ျဖစ္တဲ့ Jeanne Louise Calment ျဖစ္ပါတယ္။ သူ(မ)ဟာ (၁၉၉၇) ခုႏွစ္မွာပဲ ကြယ္လြန္ခဲ့တာပါ။

အခုလုိ ႏွစ္ (၄၀၀) သက္တမ္းအရွည္ဆုံး ငါးမန္းကုိ ေတြ႕ရိွရတာနဲ႔ ပတ္သက္ၿပီး“အရင္တုန္းက ေဝလငါးေတြက သက္တမ္းအရွည္ဆုံးသတၱဝါေတြလုိ႔ သိထားတဲ့.အသိကုိ ဦးေႏွာက္ထဲက ထုတ္လုိက္တယ္ဗ်ာ”လုိ႔ Copenhagen တကၠသိုလ္က , Julius Nielsen ဆုိသူက ေျပာပါတယ္။ ေဝလငါးေတြဟာ သက္တမ္းအရွည္ဆုံး သတၱဝါေတြထဲမွာ ပါဝင္ၿပီး ႏွစ္ေပါင္း (၂၀၀) ေက်ာ္အထိ အသက္ရွည္ၾကပါတယ္။

အခု ေတြ႕ရိွရတဲ့ ငါးမန္းဟာ သက္တမ္း (၄၀၀) ရိွေနၿပီဆုိေပမယ့္ တရားဝင္တုိင္းတာခ်က္ေတြ မလုပ္ရေသးပါဘူး။ လက္ရိွ တရားဝင္စာရင္းအရ ကမာၻ႔သက္တမ္းအရွည္ဆုံးငါးမန္းဟာ Ming လုိ႔ အမည္ေပးထားတဲ့ ငါးမန္းတစ္ေကာင္ျဖစ္ပါတယ္။ သူ႔ရဲ႕ သက္တမ္းကေတာ့ ႏွစ္ (၅၀၇) ႏွစ္ျဖစ္တယ္လုိ႔ ဆုိပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ Ming ငါးမန္းဟာ သိပၸံပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္ေအာက္မွာ ေသဆုံးသြားခဲ့ရတာပါ။

“ငါးဗီဝေဗဒပညာရွင္ေတြကေတာ့ ငါးမန္းရဲ႕ သက္တမ္းကိုတုိင္းတာဖုိ႔နဲ႔ သတ္မွတ္ဖုိ႔အတြက္ေတာ့ ႀကိဳးစားေနၾကပါတယ္”လုိ႔ ငါးမန္းအေရး ကြြ်မ္းက်င္သူျဖစ္တဲ့  အုိက္စ္လန္းတကၠသိုလ္က Steven Campanaက ဆုိပါတယ္။

Ye Yint Kyaw

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သက်တမ်း (၄၀၀) ရှိ သက်ရှိငါးမန်းတစ်ကောင်ကို အာတိတ်သမုဒ္ဒရာထဲမှာ တွေ့ရှိ

ပြီးခဲ့တဲ့အချိန်နှစ်ပိုင်းလောက်က တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း လေးရာလောက်ရှိနေပြီဖြစ်တဲ့ ငါးမန်းတစ်ကောင်ဟာ အသက်ရှင်နေဆဲဖြစ်တဲ့ ကျောရိုးရှိသတ္တဝါတွေထဲမှာ အရှည်အကြာဆုံးသက်ရှိလို့ ပညာရှင်များက သတ်မှတ်ခဲ့ကြတာပါ။

နှစ်ပေါင်း လေးရာဆိုတာ တကယ်တော့ သမိုင်းကြောင်းအရှည်ကြီးတစ်ခုကို ဖြတ်သန်းလာခဲ့ရခြင်းပါ။ အမေရိကန်နိုင်ငံရဲ့ သမိုင်းနဲ့ တွက်ကြည့်မယ်ဆိုရင် အဆိုပါ ငါးမန်းမွေးကာစမှာ ပထမမြောက်ဘုရင်ဖြစ်တဲ့ ဂျိမ်း ထီးနန်းစိုးစံတုန်းက အချိန်လောက်ပါ။ အဲဒီ ငါးမန်းအရွယ်ရောက်လာချိန်မှာတော့ ကိုလိုနီခေတ်စတင်ပြီး နယ်မြေချဲ့ထွင်မှုတွေလည်း ဖြတ်သန်းလာခဲ့ရတာပါ။ ပထမဂျိမ်းစ်ဘုရင် နန်းကျပြီး ဒုတိယမြောက် ဂျိမ်းစ်ဘုရင် တက်လာချိန်မှာ အဲဒီ ငါးမန်းဟာ အရွယ်ရောက်လာခဲ့တာပါ။

အမေရိကန်အရေးတော်ပုံစတင်ဖြစ်လာတဲ့ (၁၇၇၀) ဝန်းကျင်မှာ အဲဒီငါးမန်းဟာ အရွယ်ရောက်ကြီးပြင်းလာပြီဖြစ်ပြီး ကမ္ဘာစစ်နှစ်ခုအပါအဝင် စစ်ပွဲများစွာကို ဖြတ်သန်းလာခဲ့ရတာပါ။

ဒီလို မယုံကြည်နိုင်လောက်အောင် သက်တမ်းရှည်ငါးမန်းဟာ အခုအချိန်မှာဆိုရင် သက်တမ်း ၄၀၀ နီးပါးရှိနေပါပြီ။ ငါးမန်းအမဖြစ်တဲ့ အဆိုပါ ငါးမန်းကို သက်ရှိထင်ရှားရှိနေသေးတဲ့ ကျောရိုးရှိသတ္တဝါတွေထဲမှာ သက်တမ်းအရှည်ဆုံးသတ္တဝါတစ်ကောင်အဖြစ် သိပ္ပံပညာရှင်တွေက သတ်မှတ်ခဲ့ကြပါတယ်။

သူအရင်က သက်တမ်းအရှည်ဆုံးသတ္တဝါတွေထဲမှာ သက်တမ်းအရှည်ဆုံးဆင်က ၈၆ နှစ်ဖြစ်ပြီး လူတွေအနေနဲ့တော့ တရားဝင်စာရင်းအရ (၁၂၂) နှစ်က သက်တမ်းအရှည်ဆုံးလို့ သတ်မှတ်ထားပါတယ်။ သက်တမ်းအရှည်ဆုံးလူကကတော့ (၁၂၂) နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်အဘွားအိုတစ်ယောက်ဖြစ်တဲ့ Jeanne Louise Calment ဖြစ်ပါတယ်။ သူ(မ)ဟာ (၁၉၉၇) ခုနှစ်မှာပဲ ကွယ်လွန်ခဲ့တာပါ။

အခုလို နှစ် (၄၀၀) သက်တမ်းအရှည်ဆုံး ငါးမန်းကို တွေ့ရှိရတာနဲ့ ပတ်သက်ပြီး“အရင်တုန်းက ဝေလငါးတွေက သက်တမ်းအရှည်ဆုံးသတ္တဝါတွေလို့ သိထားတဲ့.အသိကို ဦးနှောက်ထဲက ထုတ်လိုက်တယ်ဗျာ”လို့ Copenhagen တက္ကသိုလ်က , Julius Nielsen ဆိုသူက ပြောပါတယ်။ ဝေလငါးတွေဟာ သက်တမ်းအရှည်ဆုံး သတ္တဝါတွေထဲမှာ ပါဝင်ပြီး နှစ်ပေါင်း (၂၀၀) ကျော်အထိ အသက်ရှည်ကြပါတယ်။

အခု တွေ့ရှိရတဲ့ ငါးမန်းဟာ သက်တမ်း (၄၀၀) ရှိနေပြီဆိုပေမယ့် တရားဝင်တိုင်းတာချက်တွေ မလုပ်ရသေးပါဘူး။ လက်ရှိ တရားဝင်စာရင်းအရ ကမ္ဘာ့သက်တမ်းအရှည်ဆုံးငါးမန်းဟာ Ming လို့ အမည်ပေးထားတဲ့ ငါးမန်းတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းကတော့ နှစ် (၅၀၇) နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ Ming ငါးမန်းဟာ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အောက်မှာ သေဆုံးသွားခဲ့ရတာပါ။

“ငါးဗီဝဗေဒပညာရှင်တွေကတော့ ငါးမန်းရဲ့ သက်တမ်းကိုတိုင်းတာဖို့နဲ့ သတ်မှတ်ဖို့အတွက်တော့ ကြိုးစားနေကြပါတယ်”လို့ ငါးမန်းအရေး ကွျွမ်းကျင်သူဖြစ်တဲ့  အိုက်စ်လန်းတက္ကသိုလ်က Steven Campanaက ဆိုပါတယ်။

Ye Yint Kyaw

Credit:Shwemom

မှတ်ချက်များ