မြောက်ကယ်ရိုလိုင်းနား မှာနေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသမီးဟာ selfieဓာတ်ပုံတွေ နဲ့ Pharrell Williams ရဲ့ သီချင်းကို နားထောင်နေရင်း ပျော်နေတဲ့အကြောင်း facebook update တင်နေ တုန်း သူမမောင်းလာတဲ့ကားနဲ့ ကုန်တင်ကားကြီး ခေါင်းချင်းဆိုင်တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။
Pharrell Williams ရဲ့ billboard နံပါတ် ၁ချိတ်နေတဲ့ ‘Happy’ သီချင်းဟာ သူမကို ပျော်ရွှင်စေကြောင်း ‘The happy song makes me HAPPY!’ ဆိုပြီး facebookမှာ သူမ တင်ခဲ့တာပါ။ သူမရဲ့ နာမည်ကတော့ Courtney Sanford လို့ခေါ်ပါတယ်။
Courtney Sanfordဟာ လမ်းကျပ်တဲ့ လမ်းမကြီးရဲ့ လမ်းလယ်ကြောကနေ မောင်းလာတုန်း အမှိုက်သိမ်းကား ကြီးနဲ့ ခေါင်းချင်းဆိုင် တိုက်မိတာပါလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူမရဲ့ ဖုန်းကို ရဲတွေက စစ်ဆေးကြည့်တဲ့အ ခါ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပဲ အွန်လိုင်းမှာ ဓာတ်ပုံတွေ တင်ထားတာကို တွေ့ခဲ့ရပါတယ်။ သူမရဲ့ သူငယ် ချင်းတွေနဲ့ နောက်ဆုံး share ခဲ့တဲ့ စကားလုံးတွေကတော့ ‘The happy song makes me HAPPY!” ဆိုတာပါ ပဲ။ သူမရဲ့ သူငယ်ချင်းတွေပဲမြင်နိုင်အောင်တင်ခဲ့တဲ့ အဲ့ဒီ့ post ကို နံနက် ၈နာရီ ၃၃မိနစ်မှာ တင်ခဲ့တာဖြစ်ပြီး နောက်တစ်မိနစ်အကြာမှာပဲ ယာဉ်တိုက်မှုဖြစ်နေကြောင်း 911 က ဖုန်းလက်ခံရရှိခဲ့တာပါ။
သီဟနိုင် | Trend Myanmar
ပင်မ
/
Pharrell Williams ရဲ့ နံပါတ် ၁ ချိတ်နေတဲ့ ‘Happy’ သီချင်းကို ကြိုက်တယ်လို့ Facebook ပေါ်မှာ တင်ပြီးချင်း ကားတိုက်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးပရိသတ်

မှတ်ချက်များ