မိုက်ကယ်ဂျက်ဆင်ရဲ့ အယ်ဘမ်အသစ် ‘Xscape’ ကို မေလမှာ ဖြန့် ချိမည်

‘Xscape’ လို့ အမည်ပေးထားတဲ့ မိုက်ကယ်ဂျက်ဆင် ရဲ့ အယ်ဘမ်အသစ်ကို မကြာမီ ဖြန့် ချိတော့မှာ ဖြစ်ကြောင်း Epic Records နဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ မိသားစုတို့ ဘက်က ကြေငြာလိုက်ပါတယ်။

 ပေါ့ပ်ဘုရင်ရဲ့ အရင်က မဖြန့် ချိရသေးတဲ့ သီချင်းဟောင်း ၈ ပုဒ်ကို စုစည်းထား တာဖြစ်ပြီး မေလ ၁၃ ရက်နေ့ မှာ ဖြန့် ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းရှစ်ပုဒ်ကို အခုခေတ်ဂီတပ ရိတ်သတ်တွေနဲ့ ကိုက်ညီအောင် ပြုလုပ်ထားတယ် လို့ လည်း Epic တေးသံသွင်းက ဆိုပါတယ်။

ဒီခေါင်းစီးတေးသီချင်းကို ၂၀၀၁ ခုနှစ် မိုက်ကယ်ရဲ့ ‘Invincible’ အယ်ဘမ်အတွက် အသံသွင်းနေတဲ့ ကာလအတွင်း မိုက်ကယ်ဂျက်ဆင်နဲ့ ရော့ဒ်နေးဂျာကင်းစ် တို့ နှစ်ယောက် တူတူအသံသွင်းထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ အမည်ကို ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

‘Xscape’  အယ်ဘမ် Deluxe Edition မှာတော့ အယ်ဘမ်မှာပါဝင်တဲ့ သီချင်းအားလုံးရဲ့ မူရင်း အသံသွင်း ထားတဲ့ပုံစံအတိုင်း ပါ ထပ်ပါဝင်မယ်လို့ ဆိုပါတယ်။ အကြိုမှာယူမှုတွေကို ဧပြီလ ၁ ရက်နေ့ က စပြီး ပြုလုပ်နိုင်ပါပြီလို့ လည်း Sony Entertainment ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Epic တေးသံသွင်းရဲ့ စီးအီအို ဖြစ်သူ ရိဒ်က ပြောကြားခဲ့ပါတယ်။

‘Xscape’ အယ်ဘမ်ဟာ ၂၀၀၉ ခုနှစ် ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်သေဆုံးပြီးနောက် ငါးနှစ်အကြာမှာ ထွက်ရှိလာတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ အယ်ဘမ်အသစ်လည်း ဖြစ်ပါတယ်။

Angel(Trend Myanmar) | broadwayworld.com

မှတ်ချက်များ