ငယ်ငယ်တုန်းက သင်္ကြန်အကြို မရောက်ခင်ညဆို စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့တောင်မပျော်ဘူးလို့ ပြောတဲ့ အေးမြတ်သူ

ခုနောက်ပိုင်းမှာ ပရိသတ်ရဲ့ အကြိုက်ကိုလိုက်လို့ သရုပ်ဆောင်ပိုင်းမှာရော၊ ဖက်ရှင်ပိုင်းမှာပါ ပြောင်းလဲလာ တဲ့ အေးမြတ်သူကို  ဖြိုးငွေစိုးနဲ့ ဇင်ဇင်တို့ရဲ့ ညစာစားပွဲမှာတွေ့ဆုံခိုက် စကားစ မြည်ပြော ဖြစ်ခဲ့တာကတော့ ‘ခုသ င်္ကြန်ရောက် ခါနီးပြီဆိုတော့ ကျွန်တော်ပျော် တယ်။ သင်္ကြန်ဆို အရင်က အမြဲရေပက်ခံထွက်တယ်။ ခုနောက်ပိုင်းက အလုပ်လဲရှိလာတာရယ်၊ အသက်အရွယ်လဲရလာပြီ ဆိုတော့ အရင်ကလောက်တော့ မပျော်တတ်တော့ဘူးပေါ့နော်။ သင်္ကြန်ကတော့ လောလောဆယ် အစီအစဉ်ကတော့ တီဗီရှေ့မှာပဲ ရှိဖို့များပါမယ်။

ဒါပေမဲ့ သင်္ကြန်ကိုတော့ အမြဲတမ်း ရင်ခုန်တယ်ရှင့်။ သင်္ကြန်ကို ငယ်ငယ်တုန်းက စိတ်ခံစားချက်နဲ့ အခုအသက်အရွယ်မှာဖြစ်တဲ့ စိတ်ခံစားချက်က တော်တော်လေးကွာတယ်ရှင့်။ တစ်နှစ် ကျွန်တော်အ ပျိုလေးဖြစ်ကာစပေါ့။ သင်္ကြန်က မနက်ဖြန်ဆို ဒီနေ့လိုညမှာ ကိုယ့်အိမ်မှာ ဘယ်သူ ပိတောက်ပန်းစည်းကြီး ထားခဲ့မလဲဆိုပြီး တစ်ညလုံး မအိပ်ပဲ ထိုင်စောင့်တယ်။ နောက်ဘယ်သူမှလဲ လာမပို့ပါဘူး။

ဒါပေမဲ့ စိတ်ကူးတာပေါ့နော်။ သစ်ရွက်ကြွေတာတောင် စိတ်ကစားတယ်ဆိုတဲ့ အရွယ်ဆိုတော့လဲ။ မနက်ဖြန် သင်္ကြန်အကြိုဆိုတာကို ညအိပ်မပျော်တာပေါ့။ အိပ်ခန်းနဲ့ခြံရှေ့နဲ့နီးတော့ ထိုင်စောင့်နေတာပေါ့။ တစ်ညလုံး ခြင်ထောင်ထဲကနေ လှမ်းလှမ်းကြည့်နေတာပေါ့နော်။ ဘယ်သူမှမသိဘူး။ ကိုယ်တစ်ယောက်ပဲ သိတယ်။ ဒါတွေက ခုချိန်မှာ စဉ်းစားကြည့်ရင်တော့ ရယ်စရာကြီးပေါ့နော်။ ကျွန်တော်နဲ့ ကျွန်တော့်မိဘတွေနဲ့က ကားနဲ့လည်တာများတယ်။ ကျွန်တော်က ကားနဲ့လည်တာကို သိပ်မကြိုက်ဘူး။ ကားနဲ့လည်တာက နေပူလိုက်၊ ရေပြန်စိုလိုက် ဆိုတော့လေ။ ကျွန်တော်တို့မိသားစုက အရမ်းပျော်တတ်တယ်။ ကားကိုစုငှားပြီး အမျိုးတွေနဲ့လည်ခဲ့ဖူးတယ်။ မဏ္ဍပ်တော့ မထိုင်ခဲ့ဖူးဘူး။ ဒီအလုပ် မလုပ်ခင်ကပေါ့။ အတက်နေ့ညနေဆို ရေခဲ့ဗုံး၃ ဗုံးချပြီး လမ်းထိပ်မှာ ည၇နာရီလောက်ထိ ရေလောင်းတုန်း။ အဲ့ဒီလိုကို သင်္ကြန်ကိုရူးတာ’လို့  သင်္ကြန်နဲ့ ပတ်သက်တဲ့ ဖီလင်ကို ပြောပြပေးသွားပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ