ဝက်သားလုံး ချိုချဉ်ကြော်

တရုတ်စတိုင် ၀က်သားလုံး ချိုချဉ်ကြော် လုပ် နည်းလေးပါ။ အရင်ဆုံး ၀က်သားလုံးကို ဂျုံ၊ ကြက်ဥ၊ ပါမုန့်ခြောက် ကပ်ပြီကြွပ်ကြွပ်ရွရွလေးဖြစ်အောင်    ကြာ်ထားပြီမှ ဟင်းရွက်စုံ နဲ့ ချိုချဉ်ကြော်ထားတာပါ။ အရသာကလည်း အရမ်းစားကောင်းပြီ လုပ်လည်း လွယ်တာမို့ ခုပဲ တူတူ လုပ်နည်းလေး ကြည့်ရအောင်…

ဟင်းရွက်စုံမှာ ပါဝင်ပစ္စည်းများ

ဝက်သားလုံး
မုန်လာဥနီ – ဥသေး ၁ဥ (ပါးပါးလှီးပေးပါ)
ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
ပြောင်းဖူးသေး – ၆ခု (ထပ်ခြမ်းခြမ်းပေးပါ)
ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပေးပါ)
ရွှေပဲ – ၁၀ခု (အညှာချွေ)
ငုန်းဥ – ၅လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
ကြက်သွန်မြိတ် – တ၀က် (ပါးပါးလှီးပါ)

ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ

ဝက်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ

ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ ဆော့တွင် ပါဝင်ပစ္စည်းများကို သကြား အရေပျော်သည်အထိ ရောမွှေထားပါ။

ဝက်သားလုံး ကြော်နည်း

၁။ အရင်ဆုံး ၀က်သားလုံးကြော် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် နုယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။

၃။ ပြီမှ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံကပ်ပေးပါ။

၎။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။

၅။ ဒယ်ထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

ဝက်သားလုံး ချိုချဉ်ကြော်နည်း

၁။ ၀က်သားလုံးကြော် ရပြီဆိုလျှင် ချိုချဉ်ကြော် စကြော်ပါမည်။

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၃။ ပြီနောက် မုန်လာဥနီ၊ ရွှေပဲ၊ ပန်းကော်ဖီ၊ ပြောင်းဖူးသေး၊ ငရုတ်သီးပွစိမ်း၊ ရေ(၁ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။

၎။ ဆူလာလျှင် ဆော့ရည်ကို လောင်းထည့်လိုက်ပါ။ ပြီနောက် ၀က်သားလုံး၊ ခရမ်းချဉ်သီး၊ ငုန်းဥ တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် ထပ်တည်ပေးပါ။

၅။ ပြီလျှင် နှမ်းဆီ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သွန်မြိတ် ဖြူးပေးပြီ ကော်ရည် လောင်းထည့်လိုက်ပါ။

၆။ အရသာရှိသော ၀က်သားလုံး၊ ဟင်းရွက်စုံ ချိုချဉ်ကြော်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Wutyee Food House

မှတ်ချက်များ